ကိုရီးယားကို မြန်မာလုပ်သား ၂၇၀ ကျော် စေ လွှတ်

ဒီဇင်ဘာ ၂၇

      ကိုရီးယားသမ္မတနိုင်ငံကို EPS စနစ်နှင့် မြန်မာလုပ်သား ၂၇၁ ယောက်ကို ဒီဇင်ဘာလ ၂၆ ရက်တွင် စေလွှတ်ခဲ့သည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ခဲ့ပါသည်။ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တစ်ဆင့် EPS စနစ်နှင့် စေလွှတ်သည့် ကုန်ထုတ်လုပ်သားသစ် ၂၀၈ ယောက်နှင့် ပြန်လည်သွားရောက်လုပ် ကိုင်မည့် Re-entry လုပ်သား ၆၃ ယောက် စုစုပေါင်း ၂၇၁ ယောက်မှာ ဒီဇင်ဘာလ ၂၆ ရက်တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခြင်း ဖြစ်သည်ဟု သံရုံး၏ထုတ်ပြန်ချက်အရ သိရပါသည်။

       ယခုစေလွှတ်မှုသည် ဒီဇင်ဘာလအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်က ကုန်ထုတ်လုပ်သားသစ်အယောက် ၁၅၀ ကို စေလွှတ်ခဲ့သေးသည်ဟု သိရပါသည်။ ကိုရီးယားသမ္မတနိုင်ငံတွင်ရှိသည့် စိုက်ပျိုးရေး လုပ် ငန်းများတွင် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံက ရာသီချိန်စိုက်ပျိုးရေးလုပ် သားများ စေလွှတ်သွားရေးနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကမူအားဖြင့် ခွင့်ပြုထားပြီးဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာနက သိရပါ သည်။

       ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံကို EPS စနစ်နှင့် လုပ်သားများ စေလွှတ်ပေးနေရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါ ရီလမှ နိုဝင်ဘာလအထိ လုပ်သားဦးရေ ကိုးထောင် ကျော် စေလွှတ်ခဲ့ပြီး ဖြစ်သည်ဟု အစိုးရပြည်ပအလုပ် အကိုင် အေဂျင်စီ POEA မှ သိရပါသည်။

#PAN