ဂါဇာတွင် သေဆုံးသူဦးရေ တိုးလာမှုများမှ စစ်ပွဲလနှင့်ချီကြာနိုင်ဟု Wall Street Journal ဖော်ပြ

ဒီဇင်ဘာ ၂၆

     ဂါဇာကမ်းမြောင်ဒေသအတွင်း IDF မှ ၃ လကြာ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ဆင်မှု ၂ လကြာ လုပ်ဆောင်နေသည့်ကြားမှ ဟားမတ်စ်အဖွဲ့သည် ထိရောက်သော ပြောက်ကျားတိုက် ခိုက်မှုများကို ဆက်လက် လုပ်ဆောင် နိုင်သေးသည်ဟု Wall Street Journal က ဖော်ပြခဲ့ပြီး IDF သည် ဂါဇာတောင်ပိုင်းကို ထိန်းချုပ်မှုမသိမ်းမီ လအနည်းငယ်ကြာနိုင်သည်ဟု IDF အကြီးတန်းအရာရှိတစ်ဦးက Wall Street Journal အား ပြောကြားခဲ့သည်။

     ဟားမတ်စ်တို့သည် ပြောက်ကျားနည်းဗျူဟာကို သုံး၍ ဂါဇာတွင် မြေပြင်ကျူးကျော်မှု စတင်ကတည်း က အစ္စရေးတပ်ဖွဲ့ဝင် ၁၅၄ ဦး သေဆုံးစေခဲ့ပြီး အစ္စ ရေးတပ်ဖွဲ့ဝင်များကြားတွင် အသေ အပျောက်များကြောင်း ဒီဇင်ဘာ ၂၄ ရက် တနင်္ဂ နွေနေ့က ထုတ်ပြန်သည့် WSJ ဆောင်းပါးတွင် ဖော်ပြထားသည်။

      လွန်ခဲ့သည့် သုံးရက်အတွင်း ဂါဇာကမ်းမြောင်
ဒေသ၌ အနည်းဆုံး စစ်သား ၁၆ ဦး သေဆုံးခဲ့ပြီး
လက်ရှိတွင် IDF သည် ဟားမတ်စ်ခေါင်းဆောင်များကို သတ်ဖြတ်ခြင်းအပြင် ၎င်း၏ကျယ်ပြန့်သော ဥမင် လိုဏ်ခေါင်းကွန်ရက်များအပါအဝင် ဟားမတ်စ်၏ အခြေခံအဆောက်အအုံများကို ဖျက်ဆီးနိုင်ရန် အာရုံ စိုက်ဆောင်ရွက်နေသည်ဟု ဆိုသည်။ အရပ်သားသေ ဆုံးမှု လျှော့ချရန် အမေရိကန်၏ တောင်းဆိုချက်များကို တုံ့ပြန်ရာ၌ အင် အားများစွာ အသုံးမပြုခြင်းဖြင့် အစ္စရေးစစ်သည်များကို ပိုမို အန္တရာယ်ဖြစ်စေပြီးသေဆုံးမှုအချို့ကို ဖြစ်ပေါ်စေခဲ့သည်ဟု ပြည်တွင်းတွင် ဝေဖန်မှုများ တိုးမြင့်လာခဲ့ကြောင်း အမေရိကန် ၏ ဖိအားပေးပြောဆိုမှုကို ဝန်ကြီးချုပ် နေတန်ညာဟု က ငြင်းဆိုခဲ့သည်။

       လွန်ခဲ့သည့် သီတင်းပတ်ကုန်က အစ္စရေးစစ်
သည် စုစုပေါင်း ၈ ဦးမှာ သံချပ်ကာယာဉ်တစ်စီးကို တင့်ဖျက် ဒုံးကျည်ဖြင့် ပစ်ခတ်ခံရမှုမှ ကျဆုံးခဲ့ကာ သောကြာနေ့က ဖြစ်ပွားသော တိုက်ပွဲများတွင် ၅ ဦးသေဆုံးခဲ့ပြီး စနေနေ့တွင် နောက်ထပ် ၂ ဦးကျဆုံးခဲ့သည်။ ဤသို့ သေဆုံးသူဦးရေ မြင့်မားနေမှုသည် ပြောက်ကျားတိုက်ခိုက်မှုများနှင့် လူနေထူထပ်သောဒေသများမှ ဒုံးကျည်များ ပစ်ခတ်သည့် ဂါဇာကမ်း မြောင်ဒေသမှ ဟားမတ်စ်များကို တိုက်ခိုက်နေမှုမှ ဆုတ်ခွာရန် စိန်ခေါ်မှုများကို မီးမောင်း ထိုးပြနေသည်ဟု ဆိုသည်။ IDF သည် ဂါဇာတောင်ပိုင်းတွင် မျှော် လင့်ထားသည်ထက် စစ်ဘက်အခြေခံအဆောက်အအုံများ ပိုမိုရှာဖွေနေရကြောင်း၊ “အခု သူတို့ရဲ့ နည်းဗျူ ဟာက ငါတို့စစ်သည်တွေကို ပစ်ခတ်နှောက်ယှက်ပြီး ဥမင် လိုဏ်ခေါင်းထဲကို ပြန်ဝင်သွားကြတာ” ဟု အကြီးတန်းအစ္စရေး အရာရှိတစ်ဦးက Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။

     ဟားမတ်စ်အဖွဲ့သည် စစ်ပွဲအတွင်း ဗျူဟာအဖြစ် အမျိုးသမီးနှင့် ကလေးငယ်များကို ထောက်လှမ်းရေးသတင်းများ စုဆောင်းရန်နှင့် လက်နက်များ ရွှေ့ ပြောင်းရန် အသုံးပြုကာ ရာနှင့်ချီသော အိမ်လွတ်များတွင် ထောင်ပေါင်းများစွာသော လက်နက်များကို သိမ်းဆည်းထားကြကြောင်း၊ ဟားမတ်စ်တိုက်ခိုက်ရေးသမားများသည် လွတ် လပ်စွာ သွားလာလှုပ်ရှားပြီး အရပ်သားများကဲ့သို့ ဝတ်ဆင်ကအဆိုပါအိမ်များမှ နောက်ဆုံးအခိုက် အတန့်တွင် လက်နက်များရယူ တိုက်ခိုက်ကြကြောင်း၊ ၃ လကြာ လေကြောင်းတိုက် ခိုက်မှုနှင့် မြေပြင်စစ်ဆင်မှု ၂ လ ကြာ ကြေမွပျက်စီးသွားအောင် တိုက်ခိုက်နေသည့်ကြားမှပင် ထိရောက်သော ပြောက်ကျားတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေနိုင်ကြကြောင်း၊ အစ္စရေး စစ်ထောက် လှမ်းရေး အကြီးတန်း အရာရှိဟောင်း Michael Mishtein က ပြောကြားခဲ့သည်။ ဟားမတ်စ်ကိုရည် ညွှန်းပြီး “ကျနော်တို့ ပြောက်ကျားတစ်ဝက်နဲ့ စစ်တပ်တစ်ဝက်အကြောင်း ပြောနေတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

      လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်ခြင်းဖြင့်
ထောင်ချောက်သဖွယ် အဆောက်အအုံများကဲ့သို့
သော တပ်ဖွဲ့ဝင်များ၏ အန္တရာယ်ကို ဖယ်ရှားခြင်း
ဖြင့် အစ္စရေးစစ်သည်များ သေဆုံးမှု အရေအတွက်ကို လျှော့ချနိုင်မည်ဟု အစ္စရေးအချို့က ယုံကြည်ကြသော်လည်း ဂါဇန်များကြားတွင် အရပ်သားသေဆုံးမှု ပိုများလာဖွယ်ရှိကြောင်း၊ ဂါဇာကမ်းမြှောင်ဒေသရှိ မြေပြင်တပ်များကို လေ ကြောင်း ပံ့ပိုးမှုနှင့် မြေပြင်အခြေစိုက် ပစ်ခတ်မှုစွမ်းအားများဖြင့် ပြည့်ဝစွာ လွှမ်းခြုံထာကြောင်း၊ Khan Younis တွင် မြေပြင်၌ အစ္စရေးတပ်ဖွဲ့များ ဂါဇာမြောက်ပိုင်းထက် ပိုမိုလှုပ်ရှားနေသော ကြောင့် အစ္စရေးတပ်များကို ထိခိုက်မှုမဖြစ်စေရန် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုနည်းပါး သည်ဟု Khan Younis မှ အကြီးတန်းအစ္စရေးတပ်ဖွဲ့ ကွပ်ကဲရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။

       ဂါဇာကမ်းမြှောင် တောင်ပိုင်း Khan Younis
အလယ်ဗဟိုတွင် လှုပ်ရှားနေသော IDF တပ်မဟာ ၄ ခု ရှိပြီး ယင်းနေရာတစ်ဝိုက်တွင် ကာကွယ်ရေး ပတ်ဝန်း ကျင်တစ်ခု ထပ်မံဖွဲ့စည်း၍ ထောက်ပံ့ပို့ဆောင်မှု အထောက်အပံ့ အားကောင်းလာစေရန် တပ်မဟာ ၂ ခုက လုပ်ဆောင်နေကြောင်း၊ထောက်လှမ်းရေးသတင်းစုဆောင်းရန် အဆောက်အအုံကို မဖျက်ဆီးမီ တစ်ခါ တစ်ရံတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ကြောင်း၊ ဂါဇာကမ်းမြှောင် နယ်စပ်တစ်လျှောက်တွင် အစ္စရေးတပ်ဖွဲ့ဝင် အများအပြားကို ပြန်လည်ချထားကာ ဟားမတ်စ်တို့၏ ဥမင်လိုဏ်ခေါင်းကွန်ရက်အတွင်း ဓား စာခံများကို ဖမ်းဆီးထားသည်ဟု ယုံကြည်ပြီး ဓားစာခံများ ပြန်လွှတ်ပေးနိုင်ရေး၊ ဟားမတ်စ်၏ တန်ပြန်တိုက်ခိုက်နိုင်စွမ်း ဖျက်ဆီးခြင်း အပါ အဝင် စစ်ပွဲ၏ပန်းတိုင်များအား အပြီးသတ်ရန်အတွက် ပစ်မှတ်ထား စီးနင်းမှုများကို အားကိုး၍ စစ်ပွဲ၏တတိယအဆင့်သို့ ကူးပြောင်းရန် အဆင် သင့်ဖြစ်နေပြီဟု အစ္စရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

      အစ္စရေးကျွမ်းကျင်သူအများအပြားက ဤရွေ့ပြောင်းမှုအချိန်ကို သဘောမတူဘဲ အချိန်မတန်သေးဟု ဆိုကြသည်။ အငြိမ်းစား အစ္စရေး ဗိုလ်ချုပ်ကြီးနှင့် အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲဟောင်းဖြစ်သူ Uzi Dayan က အစ္စရေး၏ မြေပြင်တပ်များကို ဟားမတ်စ်တို့၏ အမာခံနယ်မြေများမှ ရုပ်သိမ်းခဲ့လျှင် ဥမင်လှိုဏ်ခေါင်းများကို ဖယ်ရှားခြင်းမှာ ” ခက်ခဲမည် မဟုတ် ၊ ဖြစ်နိုင်ဖို့ မလွယ်ဟု” ပြောကြားခဲ့ပြီး “မြေပြင်ပေါ်ရှိ နယ်မြေကို အပြည့်အဝ မထိန်း ချုပ်နိုင်ဘဲ မြေ ပြင်အောက်က ဖြစ်ပျက်နေမှုများကို ကျွန်ုပ်တို့ ထိန်း ချုပ်နိုင်မည် မဟုတ် ” ဟု ဆက်လက်ပြောကြားခဲ့သည်။ သို့သော်လည်း ဟားမတ်စ်များကို ချေမှုန်းစစ် ဆင်မှုအစပိုင်းတွင် မကြုံစဖူး အထူးပံ့ပိုးကူညီပေးခဲ့သည့် အစ္စရေးလူထုသည် စစ်ပွဲ၏ ဆုံးရှုံးမှုများမှ ပင်ပမ်းမှု ကြီးထွားလာကာ စစ်ပွဲမကြာမီ ပြီးဆုံးသွားသည်ကို မြင်တွေ့ လိုကြသည်ဟု Dayan က ပြောကြားခဲ့ကြောင်း ဂျေရုဆလင်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

#PAN