မန္တလေးမြို့ရှိ၊အထပ်မြင့်ဆုံးဟိုတယ်ပေါ်မှ အမျိုးသား တစ်ဦး ခုန်ချရန်ကြံစည်မှုဖြစ်ပွား

ဒီဇင်ဘာ ၂၅

      မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ အထပ်မြင့်ဆုံးဖြစ်သည့် Grand Park Hotel အပေါ်ဆုံးထပ်မှ အမျိုးသားတစ်ဦးသည် ယမန်နေ့ ညနေပိုင်းက ခုန်ချရန်ကြံစည်မှုဖြစ်ပွားခဲ့ပြီး အချိန်မီကယ် ဆယ်ပေးနိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်အဖွဲ့မှသတင်းထုတ် ပြန်သည်။

         မဟာအောင်မြေမြို့နယ်(၈၄)လမ်း၊(၃၈x ၃၉) လမ်းကြား၊မဟာအောင်မြေအနောက်ရပ်ကွက်၊ အကွက်အမှတ်(၅၂၄)၊ မင်းစံရပ်ရှိ Grand Park ဟိုတယ် အပေါ်ဆုံး (၃၁)ထပ်မြောက်မှ ညနေ ၆ နာရီတွင် မှန်တံခါးများ လဲလှယ်ရာတွင် စတီးကြိုးတပ် အသုံးပြုသည့် မောင်းတံပေါ်တွင်မတ်တပ်ရပ်၍ ခုန်ချရန် ကြံစည်နေစဥ် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် ၃ စီး၊ မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီးထွက်ခွာ၍ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် အဆို ပါ ခုန်ချရန်ကြံစည်နေသူကို ပြောဆိုစည်း ရုံး၍ ကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်ဟု မီးသတ်ဦးစီဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

     ” ဟိုတယ်ပေါ်က ခုန်ချဖို့ကြံစည်းတဲ့သူက စိတ်ဝေဒနာရှင် တစ်ဦးပါ၊ ဟိုတယ်ဝန်ထမ်းတွေကတော့ မသိကြဘူး၊ ဟိုတယ်က ၃၁ ထပ်ရှိတယ်၊ အပေါ်ဆုံးထပ်မှာ ရေကူးကန်ရှိတော့ ရေ ကူးကန်ကို ရေကူးဖို့လာတယ်လို့ ဟိုတယ်ဝန်ထမ်းတွေကပြောတယ် ” ဟု အဆိုပါ မီးသတ်ဦးစီဌာန တာဝန်ရှိသူက ပြောပြလာသည်။

      ခုန်ချရန် ကြံစည်နေသူ စိတ်‌ဝေဒနာရှင်ကို ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် ဘေးကင်းရာသို့ ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဓာတ်ပုံ_မြန်မာနိုင်ငံမီးသတ်

#PAN