ပရီးမီးယာလိဒ် အားကစား သတင်းများ

ဒီဇင်ဘာ ၂၅

• မန်ယူအသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ရက်ကလစ်

      ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ် ဟာ ပေါင် ၁ ဒသမ ၂၅  ဘီလျံတန်ဖိုးရှိတဲ့ မန်ယူအသင်းရဲ့ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဂလေဇာမိသားစုထံမှ ဝယ်ယူဖို့ သဘော တူညီမှုရရှိခဲ့တယ်လို့ မန်ယူအသင်းက အတည်ပြု ကြေညာခဲ့ပါတယ်။
      စာချုပ်အရ ရက်ကလစ်ဖ် ရဲ့ INEOS Group ကုမ္ပဏီ ဟာ ကလပ်ရဲ့ဘောလုံးရေးရာ ကိစ္စရပ်များကို အပြည့် အဝ ထိန်းချုပ်လုပ်ကိုင်ခွင့်မှာ ဖြစ်ပါတယ်။
      အသက်(၇၁)နှစ်အရွယ်ရှိ ရက်ကလစ် ဟာ ကလပ်ရဲ့အနာဂတ် ရင်းနှီးမြှုပ်နှံမှုအတွက် ပေါင် ၂၃၆ သန်း ထည့်ဝင်မှာ ဖြစ်ပါတယ်။

• ကစားသမားသစ်များ ခေါ်ယူဖို့လိုအပ်တယ်လို့ ဆိုတဲ့ ဘရိုက်တန်နည်းပြ ဒီဇယ်ဘီ

     ဘရိုက်တန်အသင်းနည်းပြ ဒီဇယ်ဘီက မိမိတို့ အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီလ အပြောင်း အရွှေ့ကာလမှာ ကစားသမားသစ်များ ခေါ်ယူဖို့ လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။
     ဘရိုက်တန်အသင်းမှာ အဓိကကစားသမားများဖြစ်တဲ့ အန်ဆူဖာတီ၊ လမ့်တေး၊ အက်စတူပီနန်၊ အန်စီယို၊ မက်ချ်၊ ဗဲ့လ်မန်း နဲ့ ဝက်စ်ဘာ တို့မှာ ဒဏ်ရာပြဿနာများကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။
    ယင်းကဲ့သို့ ဒဏ်ရာရကစားသမား များပြားနေတဲ့အတွက် ဇန်နဝါရီလမှာ ကစားသမားသစ်များ ခေါ်ယူရန် လိုအပ်ကြောင်း ဒီဇယ်ဘီ က ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

• တံကောက်ကြောဒဏ်ရာကြောင့် လေးလခန့်အနားယူရဖွယ်ရှိတဲ့ ရစ်စီဂျိမ်းစ်

     ချဲလ်ဆီးအသင်းခေါင်းဆောင် ညာနောက်ခံကစား သမား ရစ်စီဂျိမ်းစ် ဟာ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး လေးလခန့် အနားယူရဖွယ်ရှိတယ်လို့  သိရပါတယ်။
      အသက် ၂၄ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမား ရစ်စီဂျိမ်းစ် ဟာ ဒီဇင်ဘာလ ၁၀ ရက်က အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဒဏ် ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲထွက် ကစားသမားအဖြစ် ၁၄ ပွဲနှင့် လူစားဝင်အဖြစ် နှစ်ပွဲသာ ကစားခွင့်ရခဲ့သလို ယခုရာသီမှာလည်း ပွဲထွက်ကစားသမား အဖြစ် ငါးပွဲနှင့် လူစားဝင်အဖြစ် သုံးပွဲသာ ကစားခွင့်ရထားပါတယ်။

#PAN