အီရတ်နိုင်ငံက ဂါဗာကမ်းမြောင်ဒေသသို့ လောင် စာဆီ လီတာ ၁၀ သန်း ထောက်ပံ့

ဒီဇင်ဘာ ၂၄

      အီရတ်နိုင်ငံက ဂါဇာကမ်းမြောင်ဒေသသို့ လောင် စာဆီ လီတာ ၁၀ သန်းကို ယမန်နေ့က ထောက်ပံ့ခဲ့ကြောင်း အီရတ်သတင်းအေဂျင်စီက သတင်းဖော်ပြ သည်။

       လောင်စာဆီ လီတာ ၁၀ သန်းသယ်ဆောင်လာသည့် သင်္ဘောတစ်စင်း နိုင်ငံတကာ ရေပိုင် နက်ကိုဖြတ်ကာ စူးအက်တူးမြောင်းဆီသို့ ဦးတည်ထွက်ခွာသွားကြောင်း အီရတ်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ယာဟာရာဆိုလ်၏ ပြောကြားချက်ကို ကိုးကားပြီးအဆိုပါ သတင်းအေဂျင်စီက သတင်း ဖော်ပြသည်။

       ဂါဇာ ကမ်းမြောင်တွင် သောင်တင်နေသော ပါလက်စတိုင်းများထံသို့ လောင်စာဆီများ တင်ပို့ မှုနှင့်ပတ်သက်၍ အီရတ်အစိုးရသည် အီဂျစ်အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ရာဆိုလ်က ပြောကြားသည်။

       အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့် အနေဖြင့် အစ္စရေးတပ်ဖွဲ့သည်ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များ ပြင်းထန်စွာ ဆင်နွှဲလျက်ရှိသည်။

      ဂါဇာဒေသ၌ စစ်ဆင်ရေးဆင်နွှဲမှုများကြောင့် လူပေါင်း ၂၀၀၀၀ ကျော် သေဆုံးပြီး မြေပြင်၌ ပိတ်ဆို့ထားမှုများကြောင့် လောင်စာဆီနှင့် ဆေး ဝါးများ ပြတ်တောက်ကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်။

#PAN