ရခိုင်ပြည်နယ်၊  မြောက်ဦးမြို့တွင် တိုက်ပွဲ ပြင်း ထန်နေပြီး မြို့မရဲစခန်းကို AA မှ သိမ်းပိုက်ခဲ့ကြောင်း ကောလဟလ သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၄

       ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယနေ့နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့နှင့် AA လက်နက်ကိုင်သောင်း ကျန်းသူများ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြောက်ဦးမြို့မရဲ စခန်းကို AA လက်နက်ကိုင်သောင်းကျန်းသူများက သိမ်းပိုက်ရရှိထားကြောင်း တရားမဝင်မီဒီယာ DVB က ကောလဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင် ရာတာဝန်ရှိများ၏ ပြောကြားချက်အရ AA လက်နက် ကိုင်သောင်းကျန်းသူများသည် ယနေ့နံနက်ပိုင်းတွင် မြောက်ဦးမြို့ရှိ ရဲတပ်ဖွဲ့စခန်း အနီးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်ကြီးပစ်ကူများက ပြန်လည်ပစ်ခတ်မှုကြောင့် AA လက်နက်ကိုင်သောင်းကျန်းသူများ ထိခိုက်ဒဏ်ရာများရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် မြောက်ဦးမြို့မ ရဲစခန်းကို AA လက်နက်ကိုင်သောင်းကျန်းသူများက သိမ်းပိုက်ရရှိထားခြင်းမရှိကြောင်း သိရှိရပါသည်။

          နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြည်သူများနှင့်အတူ လက်တွဲကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို အရှိန် အဟုန်မပျက် ထမ်းရွက်နေကြောင်းနှင့် မီဒီယာကို အကြမ်းဖက်လက်နက် သဖွယ်အသုံးချနေသည့် ပြည်ဖျက်မီဒီယာများမှ ကောလဟလ သတင်းများကို မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN