ယူကရိန်းအနေဖြင့် တစ်ရက်လျှင် စစ်သည် ၈၀၀ ခန့်ဆုံးရှုံးနေဟု NATO အရာရှိဟောင်းတစ်ဦးပြော

ဒီဇင်ဘာ ၂၂

     ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနှင့် ဖြစ်ပွားနေသော ပဋိပက္ခတွင် တစ်ရက်လျှင် စစ်သည် ၈၀၀ ခန့် ဆုံးရှုံး နေရကြောင်း NATO တပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးက ပြောသည်။ ထို့ကြောင့် ယူကရိန်းတပ်မတော်အနေဖြင့် သေဆုံးဒဏ်ရာရရှိသည့် စစ်သည်များနေရာတွင် အစားထိုးနိုင်ရန် တစ်လလျှင် စစ်သည် ၂၀,၀၀၀ ကျော်ကို စု ဆောင်းရမည်ဖြစ်ကြောင်း ဂျာမနီလေတပ်မှ အငြိမ်းစားဗိုလ်မှူးကြီး နာမည်ကျော်စစ်ရေးသုတေ သီ ရပ်ဒီထီယယ်လာ က ပြောသည်ဟု Focus မဂ္ဂဇင်းက ဖော်ပြထားသည်။

     ထို့ပြင် ယူကရိန်းသည် စစ်ပန်းနေသော စစ်သည်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များကို အနားပေးနိုင်စေရေး အတွက် ရှေ့တန်းသို့ စစ်သည်များကို အလှည့်ကျစေလွှတ်နိုင်ရန် နောက်ထပ် စစ်သည်များ လိုအပ်နေကြောင်း ၎င်းက ဆက်ပြောထားသည်။ တစ်ချိန်တည်းမှာပင် ယူကရိန်း၏ လူအင် အားနှင့် စစ်လက်နက်အင်အားတို့မှာ သိသိသာ သာကို ကျဆင်းနေပြီဖြစ် ကြောင်း၊ အနောက်နိုင်ငံများမှ လက်နက်စနစ်များမှာ အံ့ဩထူးဆန်းသည့် လက်နက်များ မဟုတ်ကြောင်းနှင့် အသုံးမဝင်တော့ကြောင်း အငြိမ်းစားလေတပ်ဗိုလ်မှူး ကြီး က ပြောထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN