မတ္တရာမြို့နယ်နှင့် ဝန်းသိုမြို့နယ်များမှ ကျေးရွာများအတွင်းရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့နေကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်း အမှားများ ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၁

      မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဒင်္ဂါးကျွန်းရွာ၊ ဆူးလေကုန်းရွာ၊ ရွှေဘောင်ရွာ၊ ရွေဘိုးကြီးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၀ ရက် တွင် ကျေးရွာရှိ နေအိမ်များကို မီးရှို့နေကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာရှိနေအိမ်များကို မီးရှို့နေကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

      အဆိုပါသတင်းများနှင့်ပတ်သက်၍ သက် ဆိုင်ရာနယ်မြေ လုံခြုံရေးတာဝန် ရှိသူများ၏ပြောကြားချက်အရ မတ္တရာမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းမှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးတာဝန်များ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းကျေးရွာများ အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့ခြင်း၊ မီးရှို့ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။ 

       တပ်မတော်အနေဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာ၊ နေအိမ်များ ထိခိုက် ပျက်စီးစေမည့် လုပ်ရပ်များကို မည်သည့်အခါမျှ လုပ်ဆောင်ခြင်း မရှိခဲ့ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်း ဖက်သောင်းကျန်းသူများ၏ ရန်မှ အစဉ်တစိုက် ကာကွယ်ပေးလျက် ရှိ သည်။

       တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည် သူများအကြား အထင်အမြင်လွှဲမှားစေရန်နှင့် ပြည်သူ များအား ကြောက်ရွံ့ထိတ်လန့်လာ စေရန် သတင်းတု၊ သတင်းအမှားများအား မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိပါ သည်။

#PAN