သေနတ်ပါလာတဲ့ လူငယ်တဦး ဆီဝင်ဖြည့်နေစဉ် ရဲတပ်ဖွဲ့နဲ့တွေ့ပြီး အဖမ်းခံရ

ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်က စက်သုံးဆီဆိုင်တဆိုင်မှာ ပစ္စတို ၁ လက်နဲ့ ကျည်အချို့ သယ်ဆောင်လာပြီး ဆီဝင်ဖြည့်တဲ့ လူငယ်အမျိုးသားတဦးကို သဲကုန်းရဲတပ်ဖွဲက ဖမ်းဆီးရမိကြောင်းသိရပါသည်။

ဖမ်းဆီးခံရသူမှာ ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ လင်းရွာက အသက် ၂၅ နှစ်အရွယ် မျိုးသက်ပိုင်ဦး ဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက သဲကုန်းမြို့နယ်၊ ဇီးကုန်းရွာ၊ ဝက်ပုတ် – သဲကုန်း – ပေါင်းတလည်လမ်းပေါ်က HTN ဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်ဖို့စောင့်နေစဉ် ဆီဆိုင်ကိုရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါသည်။

အဆိုပါလူငယ်ကို စစ်ဆေးရာမှာ ပါလာတဲ့လွယ်အိတ်ထဲက တူရကီနိုင်ငံလုပ် အနက်ရောင် ၉ မမပစ္စတို ၁ လက်နဲ့ ၎င်းကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံးကို တွေ့ရှိရကြောင်းသိရပါသည်။
အဆိုပါတရားခံကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေး လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews