
ဒီဇင်ဘာ ၁၂
ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖျက်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ချမှတ်တဲ့ (၁၀)မှတ်လျှော့ပြစ်ဒဏ်ကို အယူခံဝင်ခဲ့တယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ဟာ ကလပ်အသင်းတွေကို (၃)နှစ်အတွင်း ပေါင်(၁၀၅)သန်းအထိ အရှုံးပေါ်ခွင့် ပြုထားပေမယ့် အဲဗာတန်အသင်းဟာ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ပေါင် (၁၂၄.၅)သန်းအထိ အရှုံးပေါ်ခဲ့တာကြောင့် (၁၀)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။
ဒီပြစ်ဒဏ်ဟာ ပရီးမီးယားလိဂ်မှာ အပြင်းထန်ဆုံး ဒဏ်ခတ်မှုလည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အဲဗာတန်အသင်းကို အဆင့် ၁၄ ကနေ တန်းဆင်းဇုန်နားထိ ရောက်ရှိစေခဲ့ပြီး လုံးဝ အချိုးအစား မမျှတဘူးလို့ ကလင်းအသင်းက တံဆိပ်ကပ်ခဲ့ပါတယ်။
(၁၀)မှတ်လျှော့ပြစ်ဒဏ်ကျခံခဲ့ရပေမယ့် အဲဗာတန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၃)ပွဲဆက်တိုက် အနိုင်ရထားတာကြောင့် တန်းဆင်းဇုန်က ပြန်လည် ရုန်းထွက်လာနိုင်ခဲ့ပါတယ်။