သထုံမြို့နယ် ၊ ဝင်းစိန်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ကုလားမ

တောင်ကြောအား နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၁၂

မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ကျောက်ရေတွင်းကျေးရွာအနီး၌ သောင်းကြမ်းသူအကြမ်းဖက်အုပ်စု PDF ခေါင်းဆောင်(စိစစ်ဆဲ)အင်အား(၃၀)ဦးခန့်
ရောက်ရှိနေကြောင်း သတင်းအရ
ယမန်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးဆောင်ရွက်လျက်ရှိရာ နံနက် ၇ နာရီအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့သည် သထုံမြို့၏အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ သထုံ
မြို့နယ်၊ ဝင်းစိန်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ကုလားမ
တောင်ကြောအား နယ်မြေရှင်းလင်းစဉ် တောင်ခြေညောင်ပင်အောက်မှ
အောက်ပါပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပါသည်။

သိမ်းဆည်ရရှိပစ္စည်းများမှာ ၅.၅၆ ကျည် ၄၀၀ တောင့် ၊ ၇.၆၂ × ၅၁ ကျည် ၈ တောင့် ၊ ရှေ့ထွက်မိုင်း ၂ လုံး ၊ တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံး ၁ လုံး၊ တရုတ်နိုင်ငံထုတ် ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံး ၊ M-16 ကျည်အိမ် ၂ ခု ၊ 9 mm ကျည်အိမ် ၁ ခု ၊ လက်လုပ်မိုင်း ၃ လုံး ၊ လျှပ်စစ် ဒီတိုနေတာ ၃၂ ချောင်း ၊ ယမ်းမှုန့် ၂ ပိဿာ ၊ လက်နက်ငယ်ဒင် ၁ ခု
၊ ၉လုံးထိုးကျည် ၁၉၈ တောင့် ၊ အဝေးထိန်းမိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews