အိမ်ကွင်းမှာ ၆ ဂိုးပြတ်နဲ့အနိုင်ယူပြီး ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ သေချာသွားတဲ့ အာဆင်နယ်အသင်း

နိုဝင်ဘာ ၃၀

     မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၅) မှာ အာဆင်နယ်အသင်းက ပြင်သစ်ကလပ် လန်းစ်အသင်း ကို ၆ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် ပြင်သစ်အသင်းတွေနဲ့ တွေ့ဆုံတိုင်းမှာ ဂိုးအပြတ်ဆုံး နိုင်ပွဲရတဲ့ အင်္ဂလိပ် ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

      အာဆင်နယ်အသင်းက အိမ်ကွင်းမှာ အကောင်းဆုံးခြေစွမ်းပြ ကစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းအတွက် သွင်းဂိုးတွေကို ဟာဗက်ဇ်၊ ဂျီးဆပ်၊ မာတင်နယ်လီ၊ အော်ဒီဂွါ၊ ဂျော်ဂျင်ဟို တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

       အခုနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ ချန်ပီ ယံလိဂ်ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၁၂ မှတ် အုပ်စု ပထမနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ သေချာခဲ့ပြီ ဖြစ်ပါတယ်။

#PAN