ဂိုလန်ကုန်းမြင့်မှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာပေးရန် ကုလသမဂ္ဂတောင်းဆို

နိုဝင်ဘာ ၃၀

       ဆီးရီးယားနိုင်ငံရှိ ဂိုလန်ကုန်းမြင့်ကို သိမ်း ပိုက်ထားသော အစ္စရေးတပ်ဖွဲ့များအနေဖြင့် ထိုနေရာမှ ဆုတ်ခွာပေးရန် ကုလသမဂ္ဂ အထွေထွေညီလာခံက တောင်းဆိုလိုက်ကြောင်းသိရသည်။

      အထွေထွေညီလာခံက ဆုံးဖြတ်ချက်တစ်ရပ်ကို ပြန်လည်ပြင်ဆင်ပြီးနောက် ယခုကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါ ပြန်လည် ပြင် ဆင်လိုက်သည့် ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၉၁ နိုင်ငံကလည်း ထောက်ခံထားကြောင်းသိရသည်။

       အစ္စရေးတို့အနေဖြင့် သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ဒေသမှ ဆုတ်ခွာပေးခြင်းမရှိသည်ကို ကုလ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက အလွန်စိုးရိမ်မိကြကြောင်း ပြင်ဆင်လိုက်သည့်ဆုံးဖြတ်ချက်တွင် ဖော်ပြထား သည်။ အစ္စရေးတို့သည် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ကာ ၁၉၆၇ ခုနှစ်ကတည်းက ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်ထားခြင်းဖြစ်သည်ဟု အဆိုပါ ဆုံးဖြတ်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

       ထို့ပြင် အစ္စရေးတို့က ၁၉၆၇ ခုနှစ်ကတည်း က သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ဒေသ၌ လူနေအိမ်ရာများကို တရားမဝင်တည်ဆောက်နေခြင်းနှင့်ပတ် သက်၍လည်း ပြင်ဆင်လိုက်သည့် ဆုံးဖြတ်ချက် ကို အလေးထားပြောခဲ့ကြောင်း Sputnik သတင်းဌာန၌ ဖော်ပြထားသည်။

#PAN