လာမည့်နှစ်တွင် ကိုရီးယားနိုင်ငံက မြန်မာအပါ အဝင် နိုင်ငံခြားလုပ်သား ၂ သိန်းခန့် ခေါ်ယူမည်

နိုဝင်ဘာ ၂၉

      လာမည့် ၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံမှ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံခြားလုပ်သား ၂ သိန်းခန့် ခေါ်ယူသွားမည်ဟု သိရပါသည်။

     ကိုရီးယားနိုင်ငံအနေနှင့် လာမည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားသားလုပ်သား ၂ သိန်းခန့်ခေါ်ယူမည်ဟု နိုဝင်ဘာလ ၂၇ ရက်က ကျင်းပခဲ့သည့် အကြိမ်(၄၀) မြောက် နိုင်ငံခြားသားလုပ်သား မူဝါဒဆိုင်ရာအဖွဲ့အစည်းအဝေး၌ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု သိရပါသည်။

       ကုန်ထုတ်လုပ်ငန်းများအတွက် ၉၅,၀၀၀ ဦး၊ စိုက်/မွေးလုပ်ငန်းအတွက် ၁၆,၀၀၀ ဦး၊ရေလုပ် ငန်းအတွက် ၁၀,၀၀၀ ဦး၊ ဆောက်လုပ်ရေးအတွက် ၆၀,၀၀၀ ဦး၊ သင်္ဘောလုပ်ငန်းအတွက် ၅၀၀၀ ဦး၊ ဝန်ဆောင်မှုလုပ် ငန်းအတွက် ၁၃,၀၀၀ ဦးနှင့် အခြားလုပ်ငန်းများအတွက် ခေါ်ယူမှာဖြစ်ပြီး ခေါ်ယူမည်စာရင်းက အပြောင်းအလဲ ရှိနိုင်သည်ဟု သိရပါသည်။

#PAN