ပျော်ဘွယ်မြို့တွင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် တစ်ဦး ၎င်း နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ

နိုဝင်ဘာ ၂၀

     မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ရွှေပြည်ရန်နိူင်ရပ်ကွက်တွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်၊တရားလွှတ်တော်ရှေ့နေ တစ်ဦးကို ယမန် နေ့ ညနေ ပိုင်းတွင် စိစစ်ဆဲ အကြမ်းဖက် PDF နှစ်ဦးက နေအိမ်တွင် လာရောက်၍ သေနတ်ဖြင့် ပသ်ခတ်ထွက်ပြေး သွားခဲ့သည်။

       ဖြစ်စဥ်မှာ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ပျော်ဘွယ်မြို့၊ရွှေပြည်ရန်နိူင်ရပ်ကွက်၊ (ရန/၂၉၁)၊ပိတောက်မြိုင်လမ်းနေ၊ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်၊တရားလွှတ်တော်ရှေ့နေ ဦးစံထွန်း၊၆၉နှစ်၊(ဘ)ဦးအေးမောင်သည် နေအိမ်၌ ရှိနေစဥ် စိစစ်ဆဲ အကြမ်းဖက်သမား PDF အမျိုးသား နှစ်ဦးက ဆိုင်ကယ် ၁စီးဖြင့် နေအိမ်ရှေ့သို့ ရောက်ရှိလာပြီး အမှုအပ်ရန်ပြော ဆိုသဖြင့် ဦးစံထွန်းမှ နေအိမ်ခြံဝ သံတံခါးအား ဖွင့်ပေးမည်ပြုစဥ် တံခါးအပြင်မှ သေနတ်အတိုဖြင့် ၂ချက် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ပါ သည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးစံထွန်းတွင် ယာ ပုခုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ လက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့ဆေးရုံမှတဆင့် မိတ္ထီလာ၊ အမှတ်(၁)တပ်မ တော်ဆေးရုံ(ကုတင် ၅၀၀)သို့ ပို့ဆောင်ကုသလျက်ကြောင်းနှင့် အခင်းဖြစ်နေရာမှ 9-MM ကျည် ၁၅ တောင့်၊ 9-MM ကျည်ခွံ ၂ ခု၊ကျည်အိမ် ၁ ခုတို့ တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။