ရဲတပ်သားတွေနဲ့ လက်နက်တွေ ဘာတစ်ခုမှ မကျန်တဲ့ နယ်ခြားစောင့်ရဲစခန်းတစ်ခုကို AA သိမ်းပိုက်

နိုငဝင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ချိန်ခါလီနယ်ခြားစောင့်ရဲစခန်းတစ်ခုကို AA က သိမ်းပိုက်လိုက်ပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာလိုက်ပါတယ်။

အဆိုပါနယ်ခြားစောင့်ရဲစခန်းကို AA အဖွဲ့က အင်အားအလုံးအရင်းနဲ့ ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်စောပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာြဖစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။

စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပေမယ့် တိုက်ပွဲအတွင်း ရဲတပ်သားတွေ ထိခိုက်ကျဆုံမှုမရှိ၊ ဖမ်းဆီးရမိခြင်းလည်းမရှိသလို လက်နက်ခဲယမ်းတွေကိုလည် သိမ်းဆည်းရမိခဲ့တာမဟုတ်ဘဲ ဘာမှမကျန်တော့တဲ့ စခန်းတစ်ခုအဖြစ်သာ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“စခန်းကို သိမ်းတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘာတွေအကျအဆုံးရှိလဲဆိုတော့ ဘာမှ မရှိဘူးလို့ ပြောရမှာပါ။ မနေ့ကနေ တိုက်နေတာ။ ရဲစခန်းက လူအင်အားနည်းတယ်ထင်တယ်။ နောက်ဆုံးတော့ လက်နက်အပြည့်နဲ့ ဆုတ်ခွာသွားတဲ့ သဘောပါ။ အဲဒီအချိန်မှာ ဝင်သိမ်းတာ”လို့ တပ်မတော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ယမနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တစ်နေ့တည်းမှာ ရသေ့တောင်မြိုနယ်၊ ချိန်ခါလီမှာ တစ်ပွဲ၊ ရသေ့တောင်မြိုနယ်၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ဒုံးပိုက်ကျေးရွာအနီးမှာ တစ်ပွဲ၊ မောင်တောမြိုနယ်၊ မီးတိုက်နဲ့ သင်္ဘောလှရွာအနီးမှာ တစ်ပွဲ၊ မင်းပြားမြိုနယ်၊ ဖားပြို (ချင်း) ကျေးရွာရဲ့ အရှေ့မြောက်ဘက် ရန်ကုန်-စစ်တွေ ကားလမ်းမထက်မှာ တစ်ပွဲနဲ့ မင်းပြားမြိုနယ်၊ ပန်းမြောင်းရွာရဲ့ အရှေ့မြောက် မင်းပြား – မြောက်ဦးမြိုနယ်ကြားမှာ တစ်ပွဲ စုစုပေါင်းတိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ မိမိတို့ရဲ့ မိသားစုဝင်များနှင့် ကောင်းမွန်စွာ ပြန်တွေ့ချင်သေးပါက တစ်ရက်အတွင်း အမြန်ဆုံး လက်နက်ချအညံ့ခံကြဖို့ AA အဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုရဲ့ အသက်ကို ခြိမ်း‌ခြောက်ထားပါတယ်။

PAN