ရွှေဘိုမြို့ ၊ အမှတ် ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်ရန်လာသော အကြမ်းဖက် PDFအဖွဲ့များရန်မှ အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များ လွတ်မြောက်သွား


နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ၊
ရွှေဘိုမြို့ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်ကို ယမန်နေ့ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် PDF အင်အား ၁၀ဦးခန့်ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးကို ဝင်ရောက်ရှာဖွေရာ အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များ အား ရှာမတွေ့သဖြင့်အကြမ်းဖက်အန္တရာယ်မှ လွတ်မြောက်သွားကြောင်း သိရှိရပါသည်။

အကြမ်းဖက်သမားများဝင်ရောက်လာချိန်တွင်အုပ်ချုပ်ရေးမှူးသည် အခြားနေရာသို့ ပြောင်းရွှေ့အိပ်သဖြင့် မတွေ့သွားကြောင်း ၊ ကျန်မိသားစုများက အကြမ်းဖက်သမားများဝင်လာချိန် ကိုယ်အလွတ်ရုန်းထွက်ပြေးလာခဲ့၍ လွတ်မြောက်ခဲ့ကြောင်း ၊လူရှာမတွေ့သဖြင့် အိမ်ရှိ scopy ဆိုင်ကယ် ၁ စီးနှင့် ဖုန်း ၁ လုံး ၊ Power Bank နှင့် ငွေသား ၅၀၀၀၀ ကျပ်ပါလက်ကိုင်အိပ် ၁ လုံးယူသွားကြောင်း ၊ ခြံဝန်းတဝန်ထဲအတူနေ မယားညီအကိုတော်စပ်သူ ဦးတိုးမောင်အိမ်မှ မိသားစုများကို ဒူးထောက်ခိုင်းထားပြီး ဖုန်း ၄ လုံးနှင့်ငွေ ၂ သိန်းကျပ်ယူဆောင်သွားကြောင်း ၊ ကျန်လူများကိုဘာမှမလုပ်ချင်ကြောင်း ၊ အုပ်ချုပ်ရေးမှူးကိုနောက်ဆုံးအကြိမ်သတိပေးကြောင်ပြောဆိုပြီး အမှတ် ၆ ရပ်ကွက် ၊ ပန်းတလင်းဘုန်းကြီးကျောင်းလမ်းအတိုင်း ပြန်ထွက်သွားကြောင်းသိရှိရပါသည်။

ရွှေဘိုမြို့၏ မြို့ပေါ်အခြေအနေသည် အကြမ်းဖက်သမားများက မြို့တွင်း အကြိမ်ကြိမ်များစွာ ဝင်ရောက်သတ်ဖြတ်နေကြောင်း ၊ တဦးတယောက်မှ ယခုအချိန်ထိ ဖမ်းမိနိုင်ခြင်း မရှိကြောင်း ၊မြို့ခံလူထုများသည် များစွာစိုးရိမ်လာကြ၍ တိမ်းရှောင်လာသူ ဦးရေများပြားလာကြောင်း သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews