လူဝင်မှုကြီးကြပ်ရေး စည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်သည့် မြန်မာလူမျိုး ၁၅၀ ကျော်နှင့် စုစုပေါင်း ၂၁၆ ဦးကို မလေးရှားအာဏာပိုင်များ ဖမ်းဆီး

အောက်တိုဘာ ၃၁

Negri Sembilan ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနသည် ငါးရက်အတွင်း စစ်ဆင်ရေးအမျိုးမျိုးပြုလုပ်ပြီး မြန်မာလူမျိုး ၁၅၃ ဦး အပါအဝင်နိုင်ငံခြားသား ၂၁၆ ဦးကိုဖမ်းဆီးခဲ့သည်။
အောက်တိုဘာ ၂၄ ရက်မှ စတင်ကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၁၆ ဦးတွင် အမျိုးသမီး ၇၁ ဦး၊ ကလေးငယ် ၁၁ ဦးပါဝင်ကြောင်း ပြည်နယ်ညွှန်ကြားရေးမှူး Kennith Tan Aik Kiang က ပြောသည်။
“နိုင်ငံခြားသား ၁,၅၉၇ ဦးကို စစ်ဆေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် ၂၁၆ ဦးကို ဖမ်းဆီးထားပါတယ်” ၎င်းကပြောသည်။
အဆိုပါ အဖမ်းခံရသူများကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ 1959/63 နှင့် လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်း 1963 ပုဒ်မ 6(1)(ဂ) နှင့် 15(1)(ဂ) တို့အရ စုံစမ်းစစ်ဆေးခံနေရသည်ဟု တန်က ပြောသည်။

#PAN