ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာအနီးတွင် တပ်မတော် နှင့် အကြမ်းဖက်သောင်းကျန်း သူအဖွဲ့ တွေ့ဆုံတိုက်ပွဲဖြစ်ပွား သောင်းကျန်းသူ အလောင်း ၂ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

အောက်တိုဘာ ၃၁

       ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာအနီးတွင် ယမန်နေ့ နံနက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် တပ်မတော်စစ် ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ KNU/PDF အင်အား ၅၀ ခန့်တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့သည်။

     အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်သောင်း ကျန်းသူများ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရပြီး ၎င်းတို့ထံမှ ကော်သူလေးစစ်ကြောင်းကြီး ရင်ဘတ်တံဆိပ်စာတန်းပါ အလောင်း ၂ လောင်း၊ M-16(၄၀ မမ လောင်ချာတွဲပါ) ၁ လက်၊ AK 47 ၂ လက်၊ ၎င်းကျည်အိမ် ၅ ခု၊SIGSAURE ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံး ၁ လုံး၊ ၇၀ တောင့်ဝင် ကျည်အိမ်ဘောက်ဝိုင်း ၁ ခု၊ ကျည်ကာဦးထုပ် ၂ လုံး၊ Icon စက် ၁ လုံး တို့ကို တပ်မတော်စစ်ကြောင်းက သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တပ်မတော်စစ်ကြောင်းမှ ထိခိုက်သေဆုံး မရှိကြောင်း သတင်းရရှိပါသည်။

(တိုက်ပွဲဖြစ်ပွားရာ နေရာတွင် Internet မရသဖြင့် မှတ် တမ်းဓာတ်ပုံများ ဖော်ပြနိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။)

#PAN