မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးအား လုံခြုံ ရေးဆောင်ရွက်ပေးနေသည့် ကန်တော်ယန် လုံခြုံ ရေးစခန်းအား KIA နှင့် ပူးပေါင်းအင်အားစုအဖွဲ့မှအင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းအား တားဆီးထိန်းချုပ်ရန် ဆောင်ရွက်လာသဖြင့် တပ်မတော်မှလိုအပ်သည့် တုန့်ပြန်မှုများ ဆောင်ရွက်

အောက်တိုဘာ ၃၁

      KIA နှင့် ပူးပေါင်းအင်အားစုများအနေဖြင့် ယနေ့နံနက်ပိုင်းတွင် အများပြည်သူအသုံးပြုလျက်ရှိသော မြစ်ကြီးနား-ဗန်းမော်အဓိက ဆက်သွယ်ရေးကားလမ်းမကြီးအား လုံခြုံရေးဆောင် ရွက်လျက်ရှိသည့် ကန်တော်ယန်တစ်ဝိုက်ရှိ လုံခြုံရေးအဖွဲ့အား အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ရယူ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

      KIA နှင့်ပူးပေါင်းအင်အားစုများသည်အောက်တို ဘာ ၆ ရက်နေ့တွင်လည်း အဆိုပါ လမ်းကြောင်းပေါ်ရှိ လဲလုံလမ်းကြောင်း လုံခြုံရေးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မ တော်အနေဖြင့် သက်ဆိုင်ရာ Peace – Talk Creation Group (PCG) မှတစ်ဆင့် ဆက်သွယ် ၍ အများပြည်သူ အသုံးပြုသည့်အရေး ကြီးသော ဆက်သွယ်ရေးလမ်းဖြစ်၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခြင်းမပြုရန်နှင့် ထပ်မံ၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာပါက သီးခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်သည့် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင် အသိပေးအကြောင်းကြားခဲ့သည်။

     တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေ့ရှုကာ ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်ကမ်း လှမ်း၍ တတ်နိုင်သရွေ့ သည်းခံမှုများ ပြုလုပ်ခဲ့သော် လည်း KIA နှင့် ပူးပေါင်းအင်အားစုများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ အကြမ်းဖက်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများနှင့် အချိန်ကိုက် အခွင့် အရေးယူကာ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်၏ တပ်စုအဆင့် လုံခြုံ ရေးဆောင်ရွက်လျက်ရှိသော ကန်တော်ယန် လုံခြုံရေးစခန်းအား သာလွန်အင်အား အများအပြားအသုံးပြု၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြစ်ကြီးနား – ဗန်းမော်သွား ဆက်သွယ်ရေးလမ်းကြောင်းအား ပိတ် ဆို့ထိန်းချုပ်ရန် ဆောင်ရွက်လာခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ/စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ် ရာ ရရှိခဲ့သည်။

      သို့ဖြစ်၍ တပ်မတော်အနေဖြင့် အမာခံသတင်းပေးများ၏ တိကျစွာ သတင်းပေးပို့ချက် အရ ကြိုတင်သိရှိထားသော KIA အဖွဲ့၏ လက် နက်ထုတ်လုပ်သည့် နေရာ၊ ခဲယမ်းနှင့်မိုင်းများ ထုတ်လုပ်သည့် နေရာများနှင့် သိုလှောင်သည့်နေရာများ သင့်လျော်သည့် တုန့်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရသည်။

       အဆိုပါနေရာသည် နယ်စပ်နှင့် နီးကပ်သည့် နေရာဖြစ်၍ အိမ်နီးချင်းနိုင်ငံသို့ မလွှဲမသွေသာ ဆောင်ရွက်ရမည့်ကိစ္စရပ်အား ကြိုတင်အသိပေး ဆောင်ရွက်ခဲ့ခြင်းအပြင် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကန့်သတ်တုန့်ပြန်တိုက်ခိုက်ခြင်းများ ဆောင် ရွက်ခဲ့သည်။

ဆက်လက်၍လည်း ပြည်သူလူထုနှင့် ပတ်သက်၍ နှောင့်ယှက်ထိပါးစေသော အကြမ်းဖက်လုပ်ရပ်များ ထပ်မံဆောင်ရွက်လာပါက လိုအပ်သောပြန်လည် တုန့်ပြန်မှုများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN