ပြည်တွင်းလေကြောင်းခရီးစဉ် ခရီးသည်များ ထွက်ခွာ/ဆိုက်ရောက် ပုံစံ ဖြည့်စွက်ရမည်

အောက်တိုဘာ ၃၁

      ပြည်တွင်းလေကြောင်းခရီးစဉ် စီးနင်းလိုက်ပါကြမည့် ခရီးသည်များအနေနှင့် ဆိုက်ရောက်နှင့်ထွက်ခွာ ပုံစံများ မဖြစ်မနေ ဖြည့်စွက်ရမည်ဖြစ်သည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသိပေးထုတ်ပြန်ထားပါသည်။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြား ချက်အရ ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလ ၁ ရက်နေ့မှစ၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့(မှ/သို့)အကြား ပျံသန်းစီးနင်းလိုက်ပါကြမည့် ခရီးသည်များအနေဖြင့် Arrival နှင့် Departure Card များကို ဖြည့်စွက်ရန် လိုအပ်မှာဖြစ်ကြောင်း အသိပေးထားပါသည်။

      အဆိုပါ စည်းမျဉ်းသတ်မှတ်ချက်မှာ ရန်ကုန် မှ မန္တလေး သို့ ထွက်ခွာခရီးသည်များအနေဖြင့် Departure Card(ထွက်ခွာပုံစံ)နှင့် မန္တလေး မှ ရန်ကုန် သို့ ဆိုက်ရောက်ခရီးသည်များအနေနှင့် Arrival Card (ဆိုက်ရောက်ပုံစံ) များကို ဖြည့် စွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

      ယင်းအပြင် ချောမွေ့သည့် ပြည်တွင်းလေကြောင်းခရီးစဉ် သွားလာရေးအတွက် ခရီးသည်များအနေနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် တရားဝင် ခရီးသွားစာရွက်စာတမ်း အပြည့်အစုံအား ယူဆောင်လာရန်လည်း အကြံပြုထား ပါသည်။ ပြည်တွင်းလေကြောင်းခရီးသွားလာမှု စည်းမျဉ်းသတ်မှတ်ချက် စနစ်အသစ်အပေါ် ခရီးသည်များ ပူးပေါင်း ဆောင်ရွက်မှုများအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် အသေးစိတ်အချက် အလက်များကို သက်ဆိုင်ရာ လေကြောင်းလိုင်း အသီး သီးသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။

#PAN