ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး သဘော တူညီရန် အခွင့်အလမ်းများစွာရှိသော်လည်း ငြိမ်း ချမ်းရေးဆွေးနွေးရန် အမေရိကန်က သဘောတူညီမှုမရှိ

အောက်တိုဘာ ၂၄

    ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး သဘောတူညီရန် အခွင့်အလမ်းများစွာ ရှိသော် လည်း ၂၀၂၂ ခုနှစ် မတ်လတွင် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု မပြုလုပ်ရန် ယူကရိန်းကို အမေရိကန်နိုင်ငံက တားမြစ်ထားကြောင်း ဂျာမနီအဓိပတိဟောင်း ဂျာဟာ့ဒ်ရှာရိုဒါက ပြော ကြားသည်။

       ယူကရိန်းသမ္မတ ဇီလန်စကီး၏ ကိုယ်စား လှယ်များသည် နေတိုးအဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းမှုများကို ရပ်တန့်ခဲ့ခြင်းစသည့် အရေးကြီးသောကိစ္စရပ်များနှင့်ပတ်သက်ပြီး ပွင့်လင်းစွာပြောကြားခဲ့သော်လည်း အမေရိကန်နိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန် သဘောတူညီမှု မရှိခဲ့ကြောင်း ဂျာမနီ၏အဓိပတိဟောင်း ဂျာဟာ့ဒ်ရှာရိုဒါက ဂျာမနီနိုင်ငံ၏ Berliner Zeitung သတင်းဌာနနှင့် အင်တာဗျူးတစ်ရပ်တွင် ပြောကြားခဲ့သည်။

        “ယူကရိန်းတွေက ငြိမ်းချမ်းရေးဆွေးနွေးဖို့ သဘောမတူကြဘူး။ ဘာလို့လဲဆိုရင် အမေရိကန်က ခွင့်မပြုလို့ပေါ့” ဟု ဂျာမနီ၏အဓိပတိဟောင်း ဂျာဟာ့ဒ်ရှာရိုဒါက ဆက်လက်ပြောကြားသည်။ ဂျာမနီ၏ အဓိပတိဟောင်း ဂျာဟာ့ဒ်ရှာရိုဒါသည် ရုရှား – ယူကရိန်းအရေးကို ကြားဝင်ဖျန်ဖြေပေးရန်နိုင်ငံတကာ၏ တိုက်တွန်းခြင်းခံထားရသူ တစ်ဦးဖြစ်သည်။

        အလားတူ ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ ကြိုးပမ်းမှုများ အောင်မြင်မှုမရှိစေရန် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ကို ယူကရိန်းနိုင်ငံသို့ စေလွှတ်ကာ ငြိမ်းချမ်းရေးနှင့် ဝေးကွာစေရန် အကွက်ကျကျ စီစဉ်ခဲ့ကြောင်းလည်း အမေရိကန်သမ္မတလောင်း ရောဘတ်ကနေဒီ ဂျူနီယာက ဇွန်လတွင် ပြောကြား သည်။

      ယူကရိန်းကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံမှ တာဝန်ရှိသူများက စေ့စပ်ညှိနှိုင်းရန် အဆင် သင့်ဖြစ်နေပြီဟု အနောက်နိုင်ငံ တာဝန်ရှိသူများက အရိပ် အမြွက်ပြောကြားခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၁၉ ရက်တွင် မှတ်ချက်ပြု ပြောကြားသည်။

       ယူကရိန်းနိုင်ငံကို လက်နက်များ ထောက်ပံ့ ပေးကာ စစ်သည်များအား လေ့ကျင့်ပေးခြင်းဖြင့် အနောက်နိုင်ငံများက ယူကရိန်းစစ်ပွဲတွင် တိုက် ရိုက်ပါဝင်လာသည်ဟု မော်စကို ထိပ်တန်းအရာရှိများက စွပ်စွဲပြောကြားသည်။

       အနောက်နိုင်ငံများ၏ ထိုကဲ့သို့သော ဆောင် ရွက်ချက်များသည် ရုရှားနိုင်ငံ၏ ချမှတ်ထားသည့် ရည် မှန်းချက်များကို ရပ်တန့်သွားမည် မဟုတ်ကြောင်းနှင့် ယူကရိန်းကို လက်နက်တပ်ဆင်ခြင်းသည် စစ်ပွဲကို ပိုမိုကြာရှည်စေမည်ဖြစ်ကြောင်း ၎င်းတို့က သတိပေးပြောကြားသည်။

#PAN