ကလေးမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် သိမ်းဆည်းရမိ

အောက်တိုဘာ ၂၄

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ သိရသည်။

       လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နယ် နတ်ကြီးကုန်းကျေးရွာအနီး၌ မန္တလေးမှ ကလေးမြို့သို့ ဧရာထွန်း(ခ)ဇေယျာထွန်း မောင်းနှင်ပြီး သီဟထွန်း လိုက် ပါလာသော ယာဉ်ကို သတင်းအရ ရှာဖွေရာဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ ဆပ်ပြာခွက် ၃၃၀၀ အတွင်းမှ ဘိန်းဖြူ၊ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၂ သိန်း သိမ်း ဆည်းရမိခဲ့ပြီးကွင်းဆက်အရ အောက်တိုဘာ ၁၉ ရက် ည ၈ နာရီခွဲတွင် အဆိုပါ မူးယစ်ဆေးဝါးများ သယ် ဆောင်ရောင်း ဝယ်ရာ၌ ပူးပေါင်းပါဝင်သူ သိန်းထွန်းအောင်(ခ) ချမ်းမြေ့အောင်(ခ)ချမ်းမြေ့ကို မန္တလေး တိုင်းဒေ သကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက် လက် ဖမ်း ဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူး လွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN