လူသတ်အကြမ်းဖက် PDF သမားများက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန် ငါး လေလံဈေးအတွင်းသို့ Drop ဗုံးများ ပစ်ချတိုက်ခိုက်ခံရမှု ကြောင့် ကျောင်းနေအရွယ်ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိ


အောက်တိုဘာ – ၂၃

     ယနေ့ မွန်းလွဲပိုင်းအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန်ငါး လေလံဈေးအတွင်းသို့  လူသတ်အကြမ်းဖက် PDF သမားများက Drone အသုံးပြု၍ ဗုံးသီးများပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

      ဖြစ်စဉ်မှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန် ငါးလေလံဈေးအား လူသတ်အကြမ်းဖက် PDF သမားများက ဈေး၏ အနောက်မြောက်ဘက်မီတာ ၅၀၀ ခန့်အကွာမှနေ၍ Drone အသုံးပြု၍ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ သဖြင့် ဈေးဝယ်နေသည့် အသက် ၁၄ နှစ်အရွယ် ကလေး ၁  ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူ စေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အများ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဒေသခံပြည်သူများ အေးချမ်းစွာ ဈေးရောင်း/ဈေးဝယ်ပြုလုပ်နေသည့် ဈေးအတွင်းသို့  Drop ဗုံးများ ပစ်ချ တိုက်ခိုက်ခဲ့သည့် လူသတ်အကြမ်းဖက် PDF သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

#PAN