
အောက်တိုဘာ ၂၃
တူကီယဲသမ္မတ အာဒိုဂန်သည် ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရန်အတွက် ဟားမတ်စ်အကြီးအကဲ အစ္စမေးလ်ဟာနီယက်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တူကီယဲမှပေးပို့သည့် လူသားချင်းစာနာထောက် ထားမှုအကူအညီများ ဂါဇာကမ်းမြောင်သို့ ရောက်ရှိနေပြီး ဒဏ်ရာရသူများအား လိုအပ်ပါက တူကီယဲတွင် ကုသပေးနိုင်ရေး သေချာစေရန် တူကီယဲနိုင်ငံက ကြိုး ပမ်းနေကြောင်း အာဒိုဂန်၏ ပြောကြားချက်ကို ကိုးကား၍ အင်န်ဗွီတီရုပ်မြင် သံကြားက ဖော်ပြခဲ့သည်။
တူကီယဲနိုင်ငံအနေဖြင့် ဒေသတွင်း အပစ်အခတ် ရပ်စဲရေးကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းနိုင်ရန်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ ၎င်းတို့ နိုင်ငံ၏ရပ် တည်ချက်ကို အာဒိုဂန်က ထပ် လောင်းပြောကြားခဲ့သည်။
အစ္စရေး – ပါလက်စတိုင်း ပြဿနာကို ဖြေရှင်းနိုင်ရေးသည် အစ္စရေးနိုင်ငံက ဂျေရုဆလင်အား မြို့တော်အဖြစ် သတ်မှတ်ခဲ့ခြင်း၏ အခြေခံဖြစ်ကြောင်း အာဒိုဂန်က ဆက်လက်ပြောကြား ခဲ့သည်။
#PAN