အမေရိကန်သည် အစ္စရေး၏နောက်တွင် ရပ်တည်နေသည်၊ အမေရိကန်သည် စစ်ပွဲနှစ်ခုကို ပံ့ပိုးရန် တတ်နိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီး Yellen ပြော

အောက်တိုဘာ ၁၇

        ဘဏ္ဍာရေးဝန်ကြီး Janet Yellen က တနင်္လာနေ့တွင် အမေရိကန်သည် ယူကရိန်းနှင့် အစ္စရေးတို့ ၏ သက်ဆိုင်ရာ စစ်ပွဲများတွင် နိုင်ငံ၏စီးပွား ရေးကို အဟန့်အတားမရှိဘဲ ပံ့ပိုးကူညီရန် တတ်နိုင် သည်ဟု ပြောကြားခဲ့သည်။

     လက်ရှိ ကြွေးမြီနှင့် GDP အချိုး ၁၂၂% ကို ထည့်သွင်းစဥ်းစာပါက အမေရိကန်သည် အစ္စရေးနှင့် ရုရှားနှင့်စစ်ဆက်ဖြစ်နေသော ယူကရိန်းတို့ကို စစ်ရေးအကူအညီပေးရန် တတ်နိုင်သလောဟု Sky News အင်တာဗျူးတစ်ခုတွင် မေးရာတွင် Yellen က “ အဖြေက တကယ်အသေအခါပါဘဲလို ကျွန်မ ထင်တယ် ” ဟု ပြောခဲ့သည်။

      “အမေရိကန်ဟာ အစ္စရေးနဲ့ ရပ်တည်ပြီး အစ္စရေးရဲ့ စစ်ရေးလိုအပ်ချက်တွေကို ပံ့ပိုးပေးဖို့ သေချာပေါက် တတ်နိုင်သလို ရုရှားကို တိုက်နေတဲ့ ယူကရိန်းကိုလည်း ထောက်ပံ့နိုင်ရမယ်။ အမေရိကန်ရဲ့ စီးပွားရေးက အလွန်ကောင်းမွန်နေပါတယ်။” ဟု သူမက ဆက်ပြောခဲ့သည်။

      ဘိုင်ဒင်အစိုးရသည် ရုရှားနှင့် ကိယက်ဗ်စစ်ပွဲတွင် ရီပတ်ဘလီကန်များ၏ ထောက်ခံမှု နည်းပါးနေချိန်တွင် ယူကရိန်းနှင့် အစ္စရေးအတွက် အထောက်အပံ့များ တွဲပေးမည့် အရေးပေါ်အကူ အညီအစီအစဉ်ကို ကွန်ဂရက်သို့ တွန်းအားပေးနေသည်။

       အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံ ပေး Jake Sullivan က CBS ၏ “Face the Nation” နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတ Biden သည် နှစ်နိုင်ငံစလုံးအတွက် လက်နက်ထုပ်ပိုးမှုအသစ်ကို အတည်ပြုရန် လိုအပ်ကြောင်း လွှတ်တော်အမတ်များနှင့် ဆွေး နွေးရန် စီစဉ်ထားကြောင်း အတည်ပြုခဲ့သည်။

#PAN