အင်္ဂလန်အသင်းနဲ့ ဩစတြေးလျအသင်းတို့ပွဲစဉ်မှာ ဝမ်းနည်းခြင်းပြုလုပ်

အောက်တိုဘာ ၁၅

      အစ္စရေးနဲ့ ပါလက်စတိုင်းမှာဖြစ်ပွားနေတဲ့ ပြဿနာတွေအတွက် ဝမ်းနည်းကြောင်း ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်က ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ဩစတြေးလျအသင်းတို့ ခြေစမ်းပွဲမှာ ပွဲမစခင် ၁ မိနစ် ငြိမ်သက်ခဲ့ပါတယ်။

       ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ အခုပွဲကို ပြင်သစ်အမျိုးသမီးဒိုင်လူကြီး ဖရက်ပက် က တာဝန်ယူခဲ့တာဖြစ်ပြီး ဝင်ဘလေကွင်းမှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသားဘောလုံးပွဲကို ပထမဆုံးတာဝန်ယူခွင့်ရတဲ့ အမျိုးသမီးဒိုင်လူကြီး လည်း ဖြစ်ခဲ့ပါတယ်။

       အင်္ဂလန်နဲ့ ဩစတြေးလျအသင်းသားတွေဟာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်လက်ပတ် တွေကို ဝတ်ဆင်ခဲ့ကြသလို ပွဲစခင်မှာလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်နဲ့ ၁ မိနစ် ငြိမ်သက်ခဲ့တာဖြစ်ပါတယ်။

#PAN