စဉ့်ကူးမြို့နယ်နှင့် ဝက်လက်မြို့နယ် နယ်နိမိတ်အစပ်တွင် အကြမ်းဖက်သောင်းကျန်းသူPDF များ ရောက်ရှိနေကြောင်း သတင်းအရ တပ်မ တော်လှုပ်ရှားစစ်ကြောင်းက Drop Bomb နှင့် ၆၀ မမ စိန်ပြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်

အောက်တိုဘာ ၁၅

       မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ဟင်္သာဖိုကျေးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ရေလယ်မှော်ကျေးရွာနှင့် ငါးမျှားတောင်ဘက််ရှိ ဒူတင်တောင်တို့တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များ ရောက်ရှိနေကြောင်း ဒေသခံရွာသားများက သတင်း ပေးပို့လာရာ စဥ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် အခြေပြုနေသော တပ်မတော်လှုပ်ရှားစစ်ကြောင်းက ယနေ့ ညနေ ၄ နာရီအချိန်ခန့်တွင်  Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ပြီး ဒူတင်တောင်အား MA -7 ဖြင့် ၆၀ မမ ဗုံးသီး ၈ လုံး ထပ်မံပစ်ခတ်တိုက်ခဲ့ကြောင်း သိရပါသည်။

     ထိုသို့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန််ခန့်တွင် အကြမ်းဖက််သောင်း ကျန်းသူ PDF အဖွဲ့များသည် ဒူတင်တောင်မှ Drop Bomb ဖြင့် ၃ လုံး၊ ၂ကြိမ် ပြန်လည် လာရောက်် ပစ်ချတိုက််ခိုက်ခဲ့ကြောင်း၊ ၎င်းတို့လာရောက် ပစ်ခတ်တိုက်ခိုက်််ခဲ့သော Drop Bomb ၃ လုံးမှာ  သံခွန််မော်တော်ရေယာဉ် အနောက်ဘက် ကိုက်် ၂၀၀ ခန့်အကွာ ရေထဲနှင့် ရွာအရှေ့ဘက်ကွင်းပြင်သို့ ကျရောက်််ပေါက်ကွဲခဲ့ပြီး တစ်စုံတစ် ရာ ထိခိုက်မှုမရှိကြောင်း သတင်းရရှိပါ သည်။

#PAN