အောက်တိုဘာ 10
အောက်တိုဘာ ၈ ရက်နေ့ညနေ ၆ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊သိန္နီမြို့နယ်၊ကွန်ကောက်ကျေးရွာအနီး သိန္နီ-ကွမ်းလုံပြည်ထောင်စုလမ်းမကြီးပေါ်တွင် KIA+TNLA+MNDAA+SSA+PDF) ပူးပေါင်းအကြမ်းဖက်အဖွဲ့များမှ ကုန်တင်ကားကြီးများနှင့်ခရီးသည်တင်ကားများအား အဆမတန် ဆက်ကြေးကောက်ယူနေလျှက်ရှိကြောင်း ၊ တပ်မတော်တပ်ရင်း၊တပ်ဖွဲ့များသို့ ဒေသခံများ၏သတင်းပေးပို့ချက်အရ တပ်မတော်စစ်ကြောင်းတစ်ခုသည် အဆိုပါကျေးရွာသို့ နယ်မြေရှင်းလင်းရန်သွားရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါအကြမ်းဖက်အဖွဲ့များသည် တပ်မတော်စစ်ကြောင်းလာရင် ကြားတာနဲ့ ပြေးကြကြောင်း ၊ အမြီးတောင်မမြင်ရတော့ကြောင်း ၊
ဟိုနားရောက်သလိုလိုဒီနားရောက်သလိုလိုနှင့် စစ်တပ်ပြန်သွားလျှင်လည်း ၎င်းအကြမ်းဖက်အဖွဲ့များက ပြန်ရောက်လာကြကြောင်း ၊တကယ်
တော့ငကြောက်တွေ သတ္တိမရှိ သူများပိုက်ဆံကိုအချောင်လိုချင်နေကြတာဖြစ်ကြောင်း
ဟုဒေသခံများကပြောဆိုနေကြကြောင်းကြားသိရပါသည်။
အဆိုပါကွန်ကောက်ကျေးရွာအုပ်စု၊ကောင်းချိုကျေးရွာသို့ရောက်ရှိနေသော တပ်မတော်စစ်ကြောင်းကို KIA+TNLA+MNDAA+SSA+PDF ပူးပေါင်းဒါးမြအဖွဲ့မှ တပ်မတော်စစ်ကြောင်းအား လွယ်ခမ်းတောင်ပေါ်မှ ၁၀၇-မမ ရှော့တိုက်ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကွန်ကောက်ကျေးရွာအတွင်းတွင် နေထိုင်နေသော ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးအား ထိမှန်ခဲ့ကြောင်းသတင်းရရှိပါသည်။
“ဒုန်းဆိုတဲ့အသံကြီးကြားရတယ်။ ဓါးမြတွေတော့ စစ်တပ်က တိုက်နေပြီဆိုတာကြားရတော့ ဒေသခံများက ဝမ်းသာကြတာနေကြကြောင်း ၊စုံစမ်းကြည့်တော့ အဲ့ကောင်တွေက စစ်တပ်ရှိတဲ့ကောင်းချိုရွာကို လှမ်းပစ်တာဖြစ်ကြောင်းသိရှိရပါသည်။
၎င်းလက်နက်ကြီးပစ်ခတ်မှုကြောင့် တပ်မတော်စစ်ကြောင်း
အဖွဲ့ အထိအခိုက်မရှိကြောင်း ၊
ကိုယ်ဝန်ဆောင်မျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှ်ိကြောင်းဒေသခံများ၏ ပြောဆိုချက်အရ ကြားသိရပါသည်။
အဆိုပါသတင်းအရ ဆက်လက်စုံစမ်းရာ အကြမ်းဖက် KIA+TNLA+MNDAA+SSA+PDF) ပူးပေါင်းဓါးမြအဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရရှိသူအမျိုးဒသမီးသည် သိန္နီမြို့နယ်၊ကွန်ကောက်ကျေးရွာအုပ်စု၊ကောင်းချိုကျေးရွာတွင်နေထိုင်သော မနန်းအေးဆိုင် ဆိုသူ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း(မစိုးရိမ်ရ)ရရှိပြီး လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျှက်ရှိကြောင်း သိရှိရပါသည်။
နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ အကြမ်းဖက်လက်နက်ကိုင်သောင်းကြမ်းသူများကို ဆက်လက်ချေမှုန်ရေး အစီအမံများဆက်လက်လုပ်ဆောင်လျှက်ရှိနေကြောင်း သိရှိရပါသည်။


