သင်္ဃန်းကျွန်းနှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၀

      မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
အောက်တိုဘာ ၆ ရက် ညနေ G နာရီ မိနစ် ၅၀ တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်တွင် ဇော်အေးနောင်(ခ) နောင်နောင် မောင်းနှင်ပြီး မောင်ဦးမျိုးမင်း(ခ) မျိုးမင်းဇော် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ည ၇ နာရီခွဲတွင် ၎င်းတို့နေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၉)ရပ်ကွက် မီးဒုံး(၁)
လမ်းရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀ဝဝဝ ကို ဖမ်းဆီးရမိခဲ့သည်။

       အလားတူ အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ် စု၊ ဟိုတင့်ကျေးရွာအနီးတွင် Express ခရီးသည် တင်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ သိမ်းဆည်းရမိခဲ့ ကြောင်း၊ ထိုနေ့ ညနေ ၄ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ စိုင်းစွမ်မိန်း မောင်းနှင်ပြီး စိုင်းရွှေခမ်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ် တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေး ယူထားကြောင်း သတင်းရရှိသည်။

#PAN