တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၀

      တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန် သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၇ ရက်နေ့က တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ ၄ ဒသမ ၉၀၈တန်၊ အခြားသစ် သုည ဒသမ ၆၂၆ တန် (ခန့်မှန်းတန်ဖိုးငွေ ၂၅၂၅၇၂၂ ကျပ်)နှင့်အောက်တိုဘာ ၈ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ ကျွန်းသစ် ၇ ဒသမ ၆၈၂ တန်နှင့် အခြားသစ် ၁ ဒသမ ၀၆၈ တန် (ခန့်မှန်းတန်ဖိုးငွေ ၃၈၅၆၂၇၄ ကျပ်)ကို သစ်တောဥပဒေအရလည်း ကောင်း၊ ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက် ပုဏ္ဏစု (၈)လမ်း၌ လိုင်စင်မဲ့ Mazda Bongo ယာဉ်တစ်စီးနှင့် Nissan Vanette ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၀ဝ၀ဝဝဝဝ)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၁၀,၃၈၁,၉၉၆ ကျပ်ကို သိမ်းဆည်း အရေးယူဆောင် ရွက်လျက်ရှိသည်။

       အလားတူ အောက်တိုဘာ ၈ ရက်နေ့ကမန္တလေး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က မန္တလေးမြို့ ၆၇ လမ်း၊ ၁၄၅ လမ်း နှင့် ၁၄၆ လမ်း ကြားရှိ ရန်လင်း အောင်ကားဂိတ်၊ ဂိုဒေါင်နှင့် ကားဂိတ် ၌ ရပ်တန့်ထားသည့် ယာဉ်နှစ်စီးအားစစ်ဆေးမှုများဆောင် ရွက်ခဲ့ရာတရားဝင်စာရွက် စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် Justus Beer ဘူး ၃၁၂၀၀၊ Esse ဆေးလိပ် ဘူး ၁၆၀၀၀ ၊ ဆေးမွှေး (Shikhar) ၁၇၆၀ ကီလိုဂရမ်၊ High Commissioner ဝီစကီ ပုလင်း ၉၆၀ ၊ Neem Coated MUKTA UREA 46% Nitrogen ၂၇၀၀၀ ကီလိုဂရမ်၊ Maximus Beer ဘူး ၉၆၀၀၊ Justus Beer ဘူး ၁၉၂၀၀၊ Benson ဆေးလိပ်ဘူး ၂၂၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၃,၈၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်ထားသည့် Nissan Diesel Truck တစ်စီးနှင့် စက်မှုဇုန်ထုတ် Htila Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၈၂၈,၈၀၀,၀၀၀ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ အောက်တိုဘာ ၈ ရက်နေ့က ကချင်ပြည် နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နမ္မတီးမြို့ မြို့အဝင်ဆိုင်းဘုတ်အနီး၌ လိုင်စင်မဲ့ Honda Fit မော်တော် ယာဉ်သုံးစီး၊ Toyota Crown ယာဉ်တစ်စီးနှင့် MG-5 ယာဉ်တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၅၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       သို့ဖြစ်၍ အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု (ခန့်မှန်းတန်ဖိုးငွေ ၈၈၉,၆၈၁,၉၉၆ ကျပ်) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

#PAN