
အောက်တိုဘာ ၁၀
ဘယ်လ်ဂျီယံ၊ ရီးရဲမက်ဒရစ်နဲ့ချဲလ်ဆီးအသင်းတို့ရဲ့ ဝါရင့် တိုက်စစ်ကစားသမားဟောင်း အီဒင်ဟာဇက်ဟာ အသက် (၃၂)နှစ်အရွယ်မှာပဲ ဘောလုံးသမားဘဝကနေ တရားဝင် အနားယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။
အီဒင်ဟာဇက်က− ” ငါ့ဘဝတစ်လျှောက်လုံး အရမ်းကောင်းတဲ့ မန်နေဂျာတွေ၊ နည်းပြတွေ၊ အသင်းဖော်တွေနဲ့ တွေ့ရတာ ကံကောင်းပါတယ်။ — ဒီလို အချိန်ကောင်းတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို လွမ်းနေမှာပါ” ဟု ဆိုထားပါတယ်။ အီဒင်ဟာဇက်ဟာ ဒဏ်ရာအခြေအနေများကြောင့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်းသိရပါတယ်။