အာဖဂန်နစ္စတန်နိုင်ငံ၌ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်နှစ်ခု လှုပ်ခတ်၊ ၂ဝဝဝ ကျော် သေဆုံး

အောက်တိုဘာ ၉

      အာဖဂန် နစ္စတန်နိုင်ငံ အနောက်ပိုင်း၌ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်နှစ်ခု ယနေ့ လှုပ်ခတ်ခဲ့ရာ ၂၀၀၀ ကျော်သေဆုံးပြီး ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

       အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီမတိုင်မီတွင် ပထမငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မိနစ် ၃၀ ခန့်အကြာတွင် ဒုတိယ ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းတစ်ရပ်အရ သိရသည်။

         အဆိုပါငလျင်များလှုပ်ခတ်ပြီးနောက် ငလျင်ငယ်အများအပြားဆက်လက်လှုပ်ခတ်ခဲ့သည်။ နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံများ ပြိုကျခဲ့သည်။

        ငလျင်လှုပ်ခတ်မှုကြောင့် ၂၀၀၀ ကျော် သေဆုံးပြီး ၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန်အစ္စလာမ္မစ်အုပ်စု လက်အောက်ရှိ ဒေသဆိုင်ရာ အာဏာ ပိုင်များကပြောကြားသည်။ အဆောက်အအုံပြိုကျသည့် အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ပြီးခဲ့သည့်နှစ် ဇွန်လက အာဖဂန်နိုင်ငံအရှေ့ပိုင်း Khost ပြည်နယ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ လှုပ်ခတ်ခဲ့ရာငလျင်တစ်ခု လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့သည်။

#PAN