နဂါးလှေ မီတာ ၅၀၀ ပြိုင်ပွဲမှာ ကြေးတံဆိပ်ရရှိခဲ့တဲ့ မြန်မာအမျိုးသမီးအသင်း

အောက်တိုဘာ ၅

      တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ နဂါးလှေပြိုင်ပွဲ မီတာ (၅၀၀) အမျိုးသမီးပွဲစဉ်မှာ မြန်မာအမျိုး သမီးအသင်းက ကြေးတံဆိပ်ဆုရရှိခဲ့တယ်လို့ သိရပါတယ်။

      အမျိုးသမီးနဂါးလှေပြိုင်ပွဲမီတာ (၅၀၀) ပထမအဆင့်မှာ မြန်မာနိုင်ငံက ဒုတိယနေရာမှ ပန်းဝင်ခဲ့ပြီး ဆီမီး ဖိုင်နယ်မှာလည်း ဒုတိယနေရာကနေ ပန်းဝင်ခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်လုပွဲမှာ မြန်မာအသင်းက စံချိန် ၂ နာရီ ၂၄ မိနစ် ၈၉၀ စက္ကန့်နဲ့ ပန်းဝင်ခဲ့တာကြောင့် တတိယဆုကြေးတံဆိပ်ဆုကို ရရှိခဲ့‌တယ်လို့ သိရပါတယ်။ရွှေတံဆိပ်ကို အိမ်ရှင် တရုတ်၊ ငွေတံဆိပ်ကို အင်ဒိုနီးရှားတို့က ရရှိခဲ့တယ်လို့ သိရပါတယ်။

#PAN