ကာတစ်ဂျုံးစ်ရဲ့ အနီကတ်အတွက် လီဗာပူးလ်အသင်း အယူခံဝင်သွားမည်

အောက်တိုဘာ ၄

      လီဗာပူးလ်အသင်းနဲ့စပါးအသင်းတို့ပွဲစဉ်မှာ အနီကတ်ထိခဲ့တဲ့ ကွင်းလယ်လူ ကာတစ်ဂျုံးစ်အတွက် လီဗာပူးလ်အသင်းအနေနဲ့ အယူခံဝင်ခဲ့ပါတယ်။ ကာတစ်ဂျုံးစ် က ပွဲချိန် ၂၆ မိနစ်မှာ အငြင်းပွားဖွယ်ရာ ထုတ်ပယ်ခံခဲ့ရတာပါ။ စပါးကွင်းလယ်လူ ဘစ်ဆူးမားနဲ့ ရင်ဆိုင်အတွေ့မှာ ကာတစ်ဂျုံးစ် ကစားပုံကြမ်းတမ်းတယ်ဆိုပြီး ကွင်းလယ်ဒိုင် ဆီမွန်ဟူးပါး က အဝါကတ်ပြသခဲ့တာ ဖြစ်ပါတယ်။

       ဒါပေမဲ့ VAR Team က ဖြစ်ရပ်ကို ပြန်ကြည့်ခိုင်းပြီး ဆီမွန်ဟူးပါး က အနီကတ် ပြောင်းလဲ ပြသခဲ့တာပါ။ လီဗာပူးလ်အသင်းအနေနဲ့ အယူခံမအောင်မြင်ခဲ့ပါက ကာတစ်ဂျုံးစ် က သုံးပွဲ ပယ်ခံရမှာ ဖြစ်ပါတယ်။

       စပါးအသင်းနဲ့ပွဲမှာ လီဗာပူးလ်အသင်းဟာ ဒီယက်ဇ် ရဲ့သွင်းဂိုးကို လွဲမှားစွာ ငြင်းပယ်ခံရပြီးအဲဒီဖြစ်ရပ်အတွက် ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်က ပြန်လည်တောင်းပန်ခဲ့ပါတယ်။

#PAN