“မြောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် မော်ရိုကိုနိုင်ငံအတွင်း အင်အားပြင်း ငလျင်များ လှုပ်ခတ်မှုဖြစ်ပွားခဲ့ရပြီး လူ ၂၉၆ဦးသေးဆုံးခဲ့ရကာ လူ၁၅၃ဦးထိ ဒဏ်ရာများရရှိခဲ့”

စက်တင်ဘာ ၉

မြောက်အာဖရိကနိုင်ငံ မော်ရိုကိုတွင် ပြီးခဲ့သည့် သောကြာနေ့ ညပိုင်းက ငလျင်နှစ်ခု လှုပ်ခဲ့ပြီး ရစ်ခ်ျတာစကေး ၇ နှင့် ၅ ထိအင်အားရှိကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

မြောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် မော်ရိုကိုနိုင်ငံတွင် ပြီးခဲ့သည့် သောကြာနေ့ ညနှောင်းပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူရာနဲ့ချီ သေဆုံးခဲ့ရကာ အာဖရိကနိုင်ငံ အနောက်မြောက်ပိုင်းရှိ Atlas တောင်တန်းကြီး၏ သမိုင်းဝင် Marrakech မြို့အထိ အဆောက်အဦး များစွား ပျက်စီးဆုံးရှုံးမှုဖြစ်ပွား ခဲ့ရပါတယ်။

အဆိုပါ အင်အားပြင်း ငလျင်လှုတ် ခတ်မှုဖြစ်ပွားခဲ့ ပြီးနောက် နောက်ဆက် တွဲငလျင်အန္တရာယ်ကို စိုးရိမ်ရသော ကြောင့်ထိုဒေသရှိ လူများ အားလုံးသည် လမ်းမများပေါ်တွင် နေခဲ့ကြရပါတယ်။

ငလျင်လှုပ်ခတ်ခဲ့သော ပြည်နယ်များတွင် အနည်းဆုံး လူ ၂၉၆ ဦး သေဆုံးခဲ့ကြောင်း မော်ရိုကို နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ယနေ့ စနေနေ့မနက် အစောပိုင်းတွင်တရားဝင်ထုတ်ပြန် ပြောကြား ခဲ့ပါတယ်။

ထို့အပြင် ဒဏ်ရာရရှိသူ ၁၅၃ ဦးကို ဆေးရုံများသို့ ပို့ဆောင်ကုသပေးထားခဲ့ရ ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထပ်လောင်း ဖော်ပြပြောဆိုထားပါတယ်။