“တရုတ်နိုင်ငံ၏ မြို့တော်ဘေဂျင်းမြို့တွင် ကျင်းပပြုလုပ်မည့် Belt and Road Initiative ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံပေါင်း ၉၀ ၏ ကိုယ်စားလှယ်တော်များ ခေါင်းဆောင်များ ဝန်ကြီးများ နှင့် စိပွားရေး လုပ်ငန်းရှင်များ ပါဝင်တတ် ရောက်သွားမည်”

စက်တင်ဘာ ၉

တရုတ်နိုင်ငံက ဘေဂျင်းမြို့တွင် လာမည့် အောက်တိုဘာလတွင် ကျင်းပမည့် Belt and Road Initiative (BRI) ညီလာခံသို့ နိုင်ငံပေါင်း ၉၀ မှ တက်ရောက််မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ကြောင်း သိရပါတယ်။

ယခုလသည် Belt and Road Initiative ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သော ကြောင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တတိယအကြိမ် Belt and Road Forum for International Cooperation (BRF) ကို လာမည့်လတွင် ပေကျင်း၌ နိုင်ငံပေါင်း ၉၀ ၏ အတူတကွ ပါဝင်တည်ရှိမှုကို မြင်တွေ့ရမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် စက်တင်ဘာ ၇ရက် ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့တာ လည်းဖြစ်ပါတယ်။

“ယခုအချိန်အထိ နိုင်ငံပေါင်း ၉၀ ကျော်မှ ကိုယ်စားလှယ်များ ခေါင်းဆောင်များ၊ ဝန်ကြီးများနှင့် Belt and Road မိတ်ဖက်နိုင်ငံများ၏ အခြားတရားဝင် ကိုယ်စားလှယ်များ၊ စီးပွားရေးအသိုက်အဝန်းအပါအဝင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များ၊ Belt and Road ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာ ပံ့ပိုးကူညီသည့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်တတ်ရောက်ကြမှာဖြစ်တယ်” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားခဲ့တာဖြစ်ပါတယ်။