ကြို့ပင်ကောက်မြို့တွင် ဖောက်ခွဲဖျက်ဆီးရေးများဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းအရ မြို့နယ်လုံခြုံရေး ပူးပေါင်းအဖွဲ့များက ပိတ် ဆို့စစ်ဆေးစဥ် မောင်းနှင်ထွက် ပြေးသွားသော အကြမ်းဖက်တစ်ဦးကို အသေဖမ်းဆီးမိ

စက်တင်ဘာ ၈

        အကြမ်းဖက်သမား PDF များသည် ပဲခူး တိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ဖောက်ခွဲဖျက်ဆီးရေးများဆောင်ရွက်ရန် စီစဉ်လျက်ရှိ
ကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ယနေ့ နံနက် ၆ နာရီအချိန်ခန့်မှစ၍ ကြို့ပင်ကောက်မြို့၏ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ ကြို့ပင်ကောက်မြို့နယ်လုံခြုံရေး ပူးပေါင်းအဖွဲ့များက ပိတ်ဆို့စစ်ဆေးရေး ဆောင် ရွက်နေစဉ် နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ကြီးစုကျေးရွာဖက်မှ ကြို့ပင်ကောက်မြို့ဖက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ လူ(၁)ဦးကို ရပ်တန့်စစ်ဆေးရန် တားဆီးစဉ် ရပ် တန့်ခြင်းမပြုပဲ ကြီးစုကျေးရွာဘက်သို့ ပြန်လှည့် ၍ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လက်နက်ငယ်ဖြင့် ၃ ချက်ခန့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။

       ထိုသို့ လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာမှ အဆိုပါ မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို လက်နက်ငယ်ကျည် နောက်ကျောမှ
ဖောက်ဝင် ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရပါသည်။

       အဆိုပါ စိစစ်ဆဲ အကြမ်းဖက်သမား PDF ၏ လွယ်ထားသည့် လွယ်အိတ်အတွင်းမှ အမ်ဂျီ(၁) လက်ပစ်ဗုံး ၁ လုံး၊ ဖြူးစ် ၁ ချောင်း၊ ရီမု ၁ ခု တို့ကို သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN