“ယနေ့ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ကာလရှည်ကြာစွာ ဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းများ နှင့် တောင်တရုတ် ပင်လယ်အငြင်းပွားမှုများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ”

စက်တင်ဘာ ၅

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ ခေါင်းဆောင်များပါဝင်သည့် အစည်းအဝေး ကို ယနေ့ အင်္ဂါနေ့တွင် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမြို့တွင် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် ကာလရှည် ကြာစွာ ဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်း နှင့် တောင်တရုတ် ပင်လယ်အငြင်းပွား မှုများကို ဆွေးနွေးမှု များပြုလုပ် ခဲ့ကြတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ တို့ကြား နှစ်နိုင်ငံ ပြိုင်ဆိုင်မှုများ ပြင်းထန်လာနေချိန်တွင် အဆိုပါ အာဆီယံထိပ်သီး အစည်းအဝေး ထွက်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကလည်း လာမည့် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့တို့တွင် ဆက်တိုက်ကျင်းပမည့် အာဆီယံကမကထပြုသော ထိပ်သီး အစည်းအဝေးများသို့ အမေရိကန် သမ္မတ Joe Biden ကိုယ်စား ဒုတိယသမ္မတ Kamala Harris ကို စေလွှတ်မှုများပြုလုပ် ထားပြီး လည်းဖြစ်ပါတယ်။

ယနေ့ အင်္ဂါနေ့ ကျင်းပပြုလုပ်သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်များက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်း ရန် ရည်ရွယ်ပြီး လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလတွင်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဝင် ၁၀ နိုင်ငံမှ ရရှိခဲ့သော သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန် မျှော်မှန်း ထားကြောင်းလည်း သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။