ရွှေကူမြို့ နယ်၊ မြို့မရဲတပ်ဖွဲ့ စခန်းကို အကြမ်း ဖက်သောင်း ကျန်းသူ KIA နှင့် PDF များက Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်၊ ပြည်သူများ ထိန့်လန့်ကြောက်ရွံ့လျှက်ရှိ

စက်တင်ဘာ ၄

       ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ နယ်၊ မြို့မရဲတပ်ဖွဲ့ စခန်းကို အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF များက သြဂုတ်လ ၂ ရက်နေ့ မှ ၄ ရက်နေ့ အထိ သုံရက်ဆက်တိုက် Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ အဆောက်အဦးများ
ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်ဒဏ် ရာရ၊ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါ သည်။

        သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာရှိ ရဲစခန်းကို အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF များက သာလွန်အင်းအားဖြင့် လာရောက်တိုက်ခိုက်ရာ စခန်းရှိ တပ်နှင့် ရဲများ ခုခံတိုက်ခိုက်ရာ စခန်းမကျအောင် ထိန်းထားနိုင်ပြီး တပ်မ တော်က လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ရကြောင်း သိရသည်။

        ရွှေကူမြို့နယ်၌  သြဂုတ်လ တစ်လလုံးတွင် နေရာအနံအပြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီးအကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF များက အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ နိုင်ငံ ဝန်ထမ်းများနှင့် ၀န်ထမ်းဟောင်းများ၊ ပြည်သူ များကို ဖမ်းဆီးခြင်၊ ဌာနဆိုင်ရာရုံးများကို Drone ဖြင့် တိုက်ခိုက်ခြင်း၊ အမည်မသိလက် နက်ကိုင်အဖွဲ့ များကလည်း အုပ်စုဖွဲ၍ ဓမြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများပြုလုပ်နေသောကြောင့် မြို့နယ်အတွင်းရှိ ပြည်သူများ ထိန့်လန့်ကြောက်ရွံ့ နေကြရကြောင်း သတင်းရရှိပါသည်။

     ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ရွှေကူမြို့ပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊မြို့နယ်စည်ပင်သာ ယာရေးရုံးနှင့် မြို့မရဲစခန်းတို့ကို အကြမ်းဖက်သောင်းကျန်းသူ KIAနှင့် PDF များက Drone ဖြင့် Drop Bomb တို့​ဖြင့် ပစ်ချတိုက်ခိုက်ခဲ့သေးကြောင်း သိရပါသည်။

#PAN