ငါန်းဇွန်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ ၁ ဦးနှင့်သာမန်ပြည်သူ ၂ဉီးတို့အား အကြမ်းဖက်PDF များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


စက်တင်ဘာ ၃


ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာအုပ်စု၊ သံကုန်းကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတစ်ဦးနှင့် သာမန်ပြည်သူတစ်ဦးကို သြဂုတ် ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် PDF အကြမ်းဖက်များမှ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ပစ်ခတ်ခံရသူများဖြစ်သည့် ဉီးမျိုးကို၊ ၃၀နှစ်၊(ဘ)ဉီးကံချွန် ဉီးမိုးကိုကို၊၃၀နှစ်၊(ဘ)ဉီးဝင်းရွှေ(၂၄.၅.၂၀၂၃ ရက်နေ့က လုပ်ကြံခံရသည့် အုပ်စုအုပ်ချုပ်ရေးမှူး ဉီးသန့်ဇော်လင်း၏ ညီအရင်း)၊ ကိုမင်းသန့်၊ (၂၉)နှစ်၊(ဘ)ဉီးညိုတို့သည် ဦးမျိုးကို၏ နေအိမ်၌ အတူရှိနေစဥ် အကြမ်းဖက်သမား ၃ဉီး ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဉီးမျိုးကို၌ ဝမ်းဗိုက်နှင့် ဆီးပုံး ဖောက်ဝင်ဒဏ်ရာ၊ဉီးမိုးကိုကို ဉီးခေါင်း ပွင့်ထွက်ဒဏ်ရာနှင့် ဉီးမင်းသန့်၌ ယာဘက်ဒူးခေါင်း ဖောက်ထွက်ဒဏ်ရာ (သွေးလွန်) တို့အသီးသီးရရှိခဲ့ကြပြီး ဉီးမိုးကိုကိုမှာ နေရာ၌ပင်သေဆုံးခဲ့ကြောင်းသိရသည်။

ဉီးမျိုးကိုနှင့်ဉီးမင်းသန့်တို့အား ရရှိဒဏ်ရာများနှင့်အတူ ငါန်းဇွန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယုနေစဉ် သေဆုံးသွားကြောင်းသိရပြီး ၄င်းတို့ (၃)ဉီးအနက် ဉီးမိုးကိုကိုသည် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံအားပေးသူတစ်ဉီးဖြစ်ပြီး ဉီးမျိုးကိုနှင့် ဉီးမင်းသန့်တို့မှာ သာမာန်ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

#PAN