မြဝတီမြို့တွင် DKBA တပ်ဖွဲ့မှ တပ်ပြေးတစ်ဦးကို DKBA တပ်ဖွဲ့ဝင် နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၂

        ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ကရင် ပြည်နယ်၊ မြဝတီမြို့၊အမှတ်၅ရပ်ကွက်၊စိုက်ပျိုး ရေးဇုန်၊အင်ကြင်းလမ်း၊ ဦးကြည်​သိန်းလိုင်ခန်းနေ DKBA တပ်ဖွဲ့ဝင် စိုင်းနော်ခတ်၊ ၂၀ နှစ်၊ အဘအမည်(စုံစမ်းဆဲ)ဆိုသူအား DKBA အဖွဲ့မှ တပ်ဖွဲ့ဝင် နှစ်ဦးက နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ စိုင်းနော်ခတ် မှာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

      ဖြစ်စဥ်မှာ DKBA တပ်ဖွဲ့မှ စိုင်းနော်ခတ်၏ ဆရာဖြစ်သူ ဗိုလ်လက်ကီး၏ ဖခင်(အမည်စုံစမ်းဆဲ)နှင့် တ​ပည့် တစ်ဦးတို့က ၎င်းတို့ တပ်ဖွဲ့ဝင်တပ်ပြေးဖြစ်သူ စိုင်းနော်ခတ် ကို KYN-4k 5041 ယာဥ်အနက်ရောင်ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်စဥ် ဗိုလ်လက်ကီး၏ဖခင်နှင့် အတူပါလာသော တပည့်ဖြစ်သူက စိုင်းနော်ခတ်၏ နားထင် ကို သေနက်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      သေနတ်ဖြစ် ပစ်ခတ်သူ ဗိုလ်လက်ကီး ဖခင် ၏ တပည့်ဖြစ်သူကို ဖမ်းဆီရမိနိုင်ရေးအတွက် မြဝတီမြို့နယ်၊မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN