သြဂုတ်လအတွက် လာလီဂါတစ်လတာ အကောင်းဆုံးကစားသမားဆုကို ဘယ်လင်ဟမ် ရရှိ

Photo: LaLiga

ဩဂုတ် ၃၁
၂၀၂၃-၂၄ ဘောလုံးရာသီ စပိန် လာလီဂါပြိုင်ပွဲရဲ့ သြဂုတ်လ တစ်လတာအတွက် အကောင်းဆုံး ကစားသမားဆုကို ရီးယဲလ် မက်ဒရစ် ကွင်းလယ် ကစားသမား ဘယ်လင်ဟမ်က ရရှိသွားပါတယ်။
ဘယ်လင်ဟမ်က ယခုလအတွင်း သူရဲ့ ပထမဆုံး လာလီဂါပွဲစဉ်(၃)ပွဲတွင် လေးဂိုးအထိသွင်းယူကာ တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ဇွန်လက ဒေါ့မွန်အသင်းထံမှ ပြောင်းရွှေ့ကြေးယူရို(၁၀၃)သန်း (Add-ons ကြေး ယူရို ၃၀.၉ သန်း) ဖြင့် (၆)နှစ်သက်တမ်းရှိ စာချုပ်နဲ့ ပြောင်းရွှေ့လာသော ကစားသမားလည်းဖြစ်ပါတယ်။