TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က KIA အဖွဲ့ကို မကျေနပ်ရာမှ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်

သြဂုတ် ၃၀

      ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့်ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရွာအတွင်း ကျရောက်ပေါက်ကွဲကာ ကချင်တိုင်းရင်း သား ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

     ဖြစ်စဥ်မှာ “TNLA အဖွဲ့အနေဖြင့် KIA အဖွဲ့ကို မကျေနပ်ရာမှ ကချင်ရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်” ဟုဒေသခံရွာသားများက ဆိုပါသည်။

      အဆိုပါ ဒဏ်ရာရရှိသူ ကချင်တိုင်းရင်းသား ၂ ဦးကို ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN