“အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်သည် လာမည့် စက်တင်ဘာ ၁၀ရက်နေ့တွင် ဗီယက်နမ် နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်းများနှင့် မြို့တော် ဟနွိုင်း တွင် တွေ့ဆုံမှုများပြုလုပ်သွားဖွယ်ရှိနေ”

သြဂုတ် ၃၀

အမေရိကန်ဘိုင်ဒန်သည် လာမည့်လတွင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်မှုများ ပြုလုပ်သွားဖွယ်ရှိနေပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် လာမည့်လတွင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံ နည်းပညာနှင့် စီးပွားရေးမှသည် ဒေသတွင်းတည်ငြိမ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ် များအတွက် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံမှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။

သမ္မတ Biden သည် ဗီယက်နမ် နိုင်ငံ၏ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန်နှင့် အခြားသော ဗီယက်နမ် နိုင်ငံ ထိပ်သီးခေါင်းဆောင်များနှင့် လာမည့် စက်တင်ဘာ ၁၀ ရက်တွင် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့၌ တွေ့ဆုံသွားကြမှာဖြစ်ပြီး ဘေဂျင်း(တရုတ်) နှင့် အမေရိကန် ဆက်ဆံရေး ပိုမိုတင်းမာလာချိန်တွင် ဒေသတွင်း၌ အမေရိကန်နိုင်ငံက ဗီယက်နမ်နိုင်ငံအား အဓိက မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ပြီး ဟနွိုင်းနှင့် ဆက်ဆံရေး အဆင့်မြှင့်တင်နိုင်ရန် ဝါရှင်တန်(အမေရိကန်) က စိတ်အားထက်သန်နေတာလည်းဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံသည်လည်း ၎င်း၏ အင်အားကြီး အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ တုံ့ပြန်မှုကို ချိန်ဆသွားရ ဖွယ်ရှိနေကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။