ဘီးလင်းမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့်ဆန်စပါးကုန်သည်များအသင်းတို့ကပြည်သူလူထုအား သက်သာသောဈေးနှုန်းဖြင့် ဧည်မထဆန်များရောင်းချပေ

သြဂုတ် ၃၀

ဘီးလင်းမြို့နယ်တွင် အခြေခံလူတန်းစားပြည်သူများသက်သာချောင်ချိပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဧည့်မထဆန်များအား ယနေ့ သြဂုတ် ၃၀ ရက်နေ့ နံနက် ၈ နာရီချိန်မှ စတင်ကာ ၉နာရီခွဲ အချိန်ထိ မြို့နယ် ဆန်စက်လုပ်ငန်း ရှင်များအသင်းနှင့်ဆန်စပါး ကုန်သည်များအသင်းတို့ပူးပေါင်း၍ ဘိုးရာဇာရပ်ကွက်အတွင်းရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ညီနောင်အသင်းနှစ်သင်းမှ ဧည့်မထဆန် တစ်ပြည်လျှင် (၂၅၀၀ )ကျပ် နှုန်းဖြင့် အခြေခံလူတန်း စားများအား အိမ်ထောင်စု တစ်စုလျှင် (၁)ပြည်မှ (၄)ပြည်ထိ  အိမ်ထောင်စု (၁၅၀)ခန့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ညီနောင်အသင်းများမှ အခြေခံလူတန်းစားပြည်သူများထံ ဆန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ကြီးကြပ်မှုဖြင့် ရပ်ကွက်များအလိုက် အလှည့်ကျ သက်ဆိုင်ရာ ဆန်စက်ကြီးများနှင့် သတ်မှတ်နေရာများတွင် သတ်မှတ်ရက်အလိုက် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN