ရွှေဘိုမြို့နယ်၊ဇီးတောကျေးရွာတွင် ငြိမ်းချမ်းမှုကိုလိုလားသော တာဝန်သိပြည်သူများ၏ သတင်း ပေးပို့မှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရာ လက်နက်/ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

သြဂုတ် ၂၉

       ယနေ့ နံနက် ၅ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း ငြိမ်းချမ်းမှုကိုလိုလားသော တာဝန်သိပြည်သူများ၏ သတင်း ပေးပို့မှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့များက ဇီးတောကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းရာ ကျေးလက်ကျန်းမာ ရေးအဆောက်အဦအတွင်းမှ လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ယာဥ်များကို သိမ်းဆည်းရမိခဲ့သည်။

     အဆိုပါ PDF အကြမ်းဖက်များ အသုံးပြုထားသော ကျေးလက်ကျန်းမာရေးအဆောက်အဦဝန်းအတွင်းမှ လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ လက်လုပ်မိုင်း ၉ လုံး၊ ဆိုင်ကယ်ဘက္တရီ ၁၀ လုံး၊ နီ/နက်နှစ်ပင်လိမ် ဝါယာကြိုး ပေ ၂၀၀ ခန့် ၁ ခွေ၊ ပြောက်ကျားယူနီဖောင်း ၂၀ စုံ၊ လူနာထမ်းစင် ၁ ခု၊ အသက်ကယ်အင်္ကျီ ၁ ထည်၊လက် အိတ် ၁၂ စုံ၊ ဆေးပစ္စည်းမျိုးစုံ ဆာလာအိတ် ၂ အိတ်၊ ဆန်အိတ် ၆ အိတ်၊ ဆိုင်ကယ် ၃ စီး၊ လိုင် စင်မဲ့ကား ၁ စီး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

       အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ပြည်သူအများက မလို လား မထောက်ခံတော့သဖြင့် ၎င်းတို့၏ လှုပ် ရှားမှုများကို နီးစပ်ရာလုံခြုံရေးအဖွဲ့များကို လျှို့ ဝှက်သတင်းပေးပို့လာကြကြောင်း သိရပါသည်။

#PAN