တွန်းဇန်မြို့တွင် ZRA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့က ခရစ်ယာန်ဓမ္မ ဆရာတစ်ယောက်ကို ၎င်းတို့ သွားလာနေသည့်ပုံကို ဓာတ်ပုံရိုက်ကူးမှုကြောင့် ရိုက်နှက်ခဲ့

သြဂုတ် ၂၉

       ချင်းပြည်နယ်၊ တွန်းဇန်မြို့တွင် Zomi Revolutionary Army (ZRA) အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ခရစ်ယာန်ဓမ္မ ဆရာတစ်ယောက်ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ရိုက်နှက်ခဲ့ကြောင်း ချင်းပြည်နယ်သတင်းအရင်းအမြစ်တစ်ခုက ဆိုပါသည်။

        ရိုက်နှက်ခံရတဲ့သူမှာ တွန်းဇန်မြို့နယ် Nar Zang ကျေးရွာ E B C ဘုရားကျောင်းမှ သင်း အုပ်ဆရာတစ်ဦးဖြစ်သူ ဆရာ ဗန်ပီး ဆိုသူဖြစ်ကြောင်း၊ ZRA အကြမ်းဖက်အဖွဲ့သည် တွန်းဇန်မြို့ပေါ်တွင် သွားလာနေသည့်ပုံကို ဖုန်းကင်မ ရာဖြင့် ရိုက်ကူးပြီး ၎င်း၏အသိမိတ်ဆွေထံ ပေးပို့ခဲ့​ကြောင်း၊ ၎င်းဓာတ်ပုံမှာ အွန်လိုင်းပေါ်တွင် တပ်မတော်နှင့် ZRA အကြမ်းဖက်အဖွဲ့တို့ ပူး ပေါင်းနေသည်ဟု သတင်းပျံ့နှံ့ခဲ့ခြင်းကြောင့် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ကြားသိရပါသည်။

        အခုလို ZRA လက်နက်ကိုင်တွေ ရိုက်နှက်ခံရခြင်းကြောင့် ခေါင်းနှင့် နောက်ကျောဖက်ဒဏ် ရာ အနည်းငယ် ရရှိခဲ့ပြီး အင်တာ တီးတိန်မြို့ရှိ ဆေးရုံသို့ ကိုယ်တိုင်ဆိုင်ကယ်မောင်းပြီး သွား ရောက်ဆေးကုသနေကြောင်း အရိုက်ခံရသူနှင့် နီးစပ်သူ တစ်ဦးထံမှ သိရပါသည်။

#PAN