မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုကျသွားသည့် မောင်တော – ဘူးသီးတောင်သွားကားလမ်းပိုင်း ရှင်းလင်းပြီးစီး

ဩဂုတ် ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သြဂုတ် ယမန်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောင်တော – ဘူးသီးတောင် သွားကားလမ်းတွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် မောင်တော – ဘူးသီးတောင်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၉/၂ နှင့် ၉/၃ ကြားတွင် တောင်မြေပြိုကျခဲ့ရာ လမ်းပိတ်ဆို့သွားခဲ့ပြီး ကားများနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရပါသည်။

ထို့ကြောင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက တောင်မြေပြိုကျနေမှုအား မြေကော်စက်ဖြင့် ရှင်းလင်းခဲ့ကြရာ ညနေပိုင်းတွင် ရှင်းလင်းပြီးစီးခဲ့သဖြင့် ကားများပြန်လည်ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရပါသည်။

၎င်းအပြင် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်ရှိ အ.မ.က (၂)ကျောင်း၏ မြောက်ဘက်ခြမ်းရှိကျောင်းအုတ်တံတိုင်းမှာလည်း အလျား ၆၀ ပေခန့်၊ အနံ ၅ ပေခန့်ပြိုကျသွားခဲ့ကြောင်းလည်း သိရပါသည်။

#PAN