ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် လူသတ်အကြမ်းဖက်PDFများက ​ရော်ဘာခြံအတွင်းရှိ လူနေအိမ်၊ဂိုဒေါင်နှင့် အခြားအဆောက်အဦး ၈ လုံးတို့ကို မိုင်းခွဲဖျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၂၇

        တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စု၊ မီးလောင်ချောင်းကျေးရွာတွင် ယမန်နေ့က အ​ကြမ်းဖက် PDF များနှင့် ပြည်သူစစ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ နံနက် ၈ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ပြီးဆုံးသွားခဲ့ကြောင်း၊ ၎င်း အကြမ်းဖက် PDF များက ဦးတင့်လွင်ရော်ဘာခြံအတွင်းရှိ နေအိမ်နှင့် ဂိုဒေါင်တို့ကို မိုင်းခွဲဖျက်စီး ၍ ဆုတ်ခွာသွာခဲ့​​ကြောင်း သိရသည်။

        ထို့​​ပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF များက ဦးတင့်လွင်ရော်ဘာခြံသို့ ပြန်လည်ရောက်ရှိလာပြီး ခြံအတွင်းးရှိ နေအိမ် ၊ဂိုဒေါင် ၊အလုပ်သမားတန်း လျား၊ အစေးခဲရုံနှင့် မှိုင်းခံရုံ စသည့်အဆောက်အဦး ၈ လုံးကိုလည်း ထပ်မံမီးရှိ့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ အကြမ်းဖက် PDF များသည် မွန်လွဲ ၃ နာရီအချိန်ခန့်တွင် သဲပုံကျေးရွာမှ မီးလောင်ချောင်းကျေးရွာသို့ ပြန်လာသော မီးလောင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ တူဖြစ်သူ ဦးကျော်သူလွင်၊ ၃၉နှစ်၊ (ဘ) ဦးအေးလွင်သည် အုပ်ချုပ်ရေးမှူးအား သတင်း ပေးနေသူဟုဆိုကာဖမ်းဆီးခေါ်ဆောင်သွားခဲ့​ကြောင်း ၊ ည ၁၁နာရီ အချိန်ခန့်တွင်  ၎င်းကို ပစ်သတ်ခဲ့​ပြီး ရုပ်အလောင်းကို ရွာထိပ်တွင် လာရောက်စွန်ပစ်ထားခဲ့ကြောင်း၊  ယနေ့ နံနက်ပိုင်းတွင် အလောင်းအားမီးသဂြိုလ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN